မာတိကာသို့ ခုန်သွားရန်

ဉာတိကလဟဝူပသမနဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
(ဉာအာတိကလဟဝူပသမနဝတ္ထုဂါထာ မှ ပြန်ညွှန်းထားသည်)

<h4 style= ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
## ၁၅-သုခဝဂ်

၁-ဉာတိကလဟဝူပသမနဝတ္ထု

၁၉၇။ သုသုခံ ဝတ ဇီဝါမ၊ ဝေရိနေသု အဝေရိနော၊
ဝေရိနေသု မနုဿေသု၊ ဝိဟရာမ အဝေရိနော။
၁၉၈။ သုသုခံ ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ၊
အာတုရေသု မနုဿေသု၊ ဝိဟရာမ အနာတုရာ။
၁၉၉။ သုသုခံ ဝတ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ၊
ဥဿုကေသု မနုဿေသု၊ ဝိဟရာမ အနုဿုကာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သက္ကတိုင်း၌ သီတင်းသုံးနေတော်မူစဉ် ရေအတွက် ခိုက်ရန်ဖြစ်ကြသော သာကီဝင်မင်းမျိုးတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဝေရိနေသု၊ ရန်ပြုတတ်သူတို့တွင်။ အဝေရှိနော၊ ရန်မပြုကုန်ပဲ။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ မယံ၊ ငါတို့သည်။ ဇီဝါမ၊ အသက်မွေးနိုင်ကုန်၏။ ဝေရှိနေသု မနုဿေသု၊ ရန်ပြုတတ်သောလူတို့တွင်။ အဝေရိနော၊ ရန်မပြုကုန်ပဲ။ မယံ၊ ငါတို့သည်။ ဝိဟရာမ၊ နေကုန်၏။
အာတုရေသု၊ ကိလေသာ အနှိပ်စက်ခံရသောသူတို့တွင်။ အနာတုရာ၊ ကိလေသာ အနှိပ်စက် မခံရကုန်ပဲ။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ မယံ၊ ငါတို့သည်။ ဇီဝါမ၊ အသက်မွေးနိုင်ကုန်၏။ အာတုရေသု မနုဿေသု၊ ကိလေသာ အနှိပ်စက်ခံရသော လူတို့တွင်။ အနာတုရာ၊ ကိလေသာ အနှိပ်စက် မခံရကုန်ပဲ။ မယံ၊ ငါတို့သည်။ ဝိဟရာမ၊ နေကုန်၏။
ဥဿုကေသု၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်သော သူတို့တွင်။ အနုဿုကာ၊ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကုန်ပဲ။ ဝတ၊ စင်စစ်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ မယံ၊ ငါတို့သည်။ ဇီဝါမ၊ အသက်မွေးနိုင်ကုန်၏။ ဥဿုကေသု မနုဿေသု၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်သော လူတို့တွင်။ အနုဿုကာ၊ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကုန်ပဲ။ မယံ၊ ငါတို့သည်။ ဝိဟရာမ၊ နေကုန်၏။

စကားပြေ

ရန်ပြုတတ်သောသူတို့အလယ်၌ ရန်မပြုကြကုန်ပဲ ငါတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေနိုင်ကုန်၏။ ကိလေသာ အနှိပ်စက်ခံရသော သူတို့၏အလယ်၌ ကိလေသာ အနှိပ်စက်မခံရကုန်ပဲ ငါတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေနိုင်ကုန်၏။ ကာမဂုဏ်ကို ကြောင့်ကြစိုက်သောသူတို့၏ အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကုန်ပဲ ငါတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေနိုင်ကုန်၏။

ဝေရီ— အရ ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သောသူ ရ၏။
အာတုရ— အရ ကိလေသာ ရ၏။
ဥဿုက— အရ ကာမဂုဏ်ကို ရှာမှီးခြင်း လုံ့လ ရ၏။

လူသဘာဝ

ရေ ဟူသော အကြောင်းကြောင့် လယ်သမားမှစ၍ ဘုရင်တိုင်အောင် ကောလိယနှင့် သာကီဝင်တို့ စကားဖြင့် စစ်တိုက်ကြသည်။ ကောလိယတို့သည် သာကီဝင်တို့ကို ခွေး စသော တိရစ္ဆာန်တို့ကဲ့သို့ မိမိတို့၏ နှမများနှင့် ပေါင်းဖက်ကြသည်။ ဤတိရစ္ဆာန်တို့ဖြင့် ငါတို့၏ ဆင် မြင်း လက်နက်တို့သည် အဘယ်မှာ အကျိုးဖြစ်မည်နည်း ဟူ၍လည်းကောင်း၊ သာကီဝင်တို့ကလည်း ကောလိယတို့အား အနူ၏သားသမီးတို့ကိုခေါ်၍ ကြုံးဝါးခိုင်းသဖြင့် အဘယ် အကျိုးရှိမည်နည်း။ ယင်းအနူ၏ သားသမီးတို့သည် နေစရာမရှိသော တိရစ္ဆာန်တို့ကဲ့သို့ ဆီးပင်၌ နေကြရကုန်၏၊ ဤတိရစ္ဆာန်တို့ဖြင့် ငါတို့၏ ဆင် မြင်း လက်နက်တို့သည် အဘယ်အကျိုး ဖြစ်မည်နည်းဟု ငယ်ကျိုးငယ်နာတို့ကို ဖော်ပြပြောဆို၍ စကားစစ်ထိုးကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၅။)

ပါဠိသဒ္ဒါခက်ဆစ်

ဝေရိနေသု = ဝိရူ‌ပေန အရတိ ဂစ္ဆတိ ဝေရံ။ (ဝိ + အရ် + အ)။ ‌ဝေရံ ဣ‌တော ဝေရီ‌တော (နော)၊ ဝေရ + ဣ‌တ (န)။
အဝေရိနော = ဝေရံ အဿ အတ္ထီတိ ဝေရီ။ (ဝေရ + ဤ)၊ န ဝေရီ အဝေရီ (န + ဝေရီ)။
အာတုရေသု = အတတိ သတဟံ ဂစ္ဆတီတိ အာတုရော (ကိလေသာ) (အတ် + ဥရ)၊ အာ + တုရ + အ။ အာတုရော အဿ အတ္ထီတိ အာ‌တုရော။ (အာတုရ + ဏ)
အနာတုရာ = န အာတုရော အနာတုရော။ န + အာတုရ။
ဥဿုကေသု = ဥဋ္ဌာနံ သုဋ္ဌု ကာယတီတိ ဥဿုကော။ ဥ + သု + ကာ + အ။
အနုဿုကာ = န ဥဿုကော အနုဿုကော။ န + ဥဿုက။

ဉာတိကလဟဝူပသမနဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ"text-align: center;">၁၅-သုခဝဂ်

၁-ဉာတိကလဟဝူပသမနဝတ္ထုပါဠိဂါထာ

၄၁၀။ သုသုခံ ဝတ ဇီဝါမ, ဝေရိနေသု အဝေရိနော၊
ဝေရိနေသု မနုဿေသု, ဝိဟရာမ အဝေရိနော။

(မယံ၊ ငါတို့သည်။) ဝေရိနေသု၊ ရန်ရှိသူတို့၌။ ဝါ၊ တို့တွင်။ အဝေရိနော၊ ရန် မရှိကုန်သည်။ (ဟုတွာ၊ ၍။) သုသုခံ၊ အလွန်ချမ်းသာစွာ။ [သုသုခန္တိ အတိသုခံ။ ဓမ္မဋီ-၂၁၁။] ဝတ၊ စင်စစ်။ ဇီဝါမ၊ အသက်ရှင်ရကုန်၏။ ဝေရိနေသု၊ ရန်ရှိကုန်သော။ မနုဿေသု၊ လူတို့၌။ ဝါ၊ တို့တွင်။ အဝေရိနော၊ ကုန်သည်။ (ဟုတွာ၊ ၍။) ဝိဟရာမ၊ နေရ ကုန်၏။ (ပါ-၁၉၇)

၁။ ဝေရိနေသု။ ။ ဝီရယန္တီ ဝီရာ၊ [ဝီရ+အ၊-နီတိဓာတု-၃၃၆။] ဝီရဏံ ဝီရံ, ဝီရော၊ ဝီရံ+ယေသံ အတ္ထီတိ ဝီရာ၊[ဝီရ+ဏ-ပါစိယော-၂၀၀။] ဝေန္တိ ဥတ္တမဘာဝံ ယန္တီတိ ဝီရာ၊[ဝီ+ရ၊- သူစိ၊] အဇန္တိ ဂစ္ဆန္တိ သူရဘာဝန္တိ ဝီရာ၊ [အဇ+ရ၊ အဇကို ဝီပြု၊-ကောတ္ထုဘ၊] ဝီရေသု+ဘဝံ ဝေရံ၊ ဝေရံ+ယေသံ အတ္ထီတိ ဝေရိနော။

နာမ်ရုပ်ပြီးပုံ။ ။ ဝဇ္ဇဒသျာဒီနမိနော အံယောသ္မိံသူသု(နီတိ-၄၅၃)သုတ်, ဝိဗော၊၇၇ အလို သုနမံသု ဝါ၌ ဝါသဒ္ဒါတို့ဖြင့် သုဝိဘတ်ကြောင့် ဤကို ဣနပြု၊ မောဂ်အလို သုဟိသု နက်(၂, ၁၉၅)သုတ်၌ “နက်”ဟူသော ယောဂဝိဘာဂဖြင့် သုဝိဘတ်ကြောင့် န-လာ, ဤကို ရဿပြု, န၏ အ-ကို ဧပြု၊ နိဒီ-၁၀၇အလို တဒမိနာဒီနိ(မောဂ်-၄၇)သုတ်ဖြင့် သုဝိဘတ်ကို နေသုပြု။

နိယမာနိယမ။ ။ နောက် ၂ပါဒကို အနိယမ, ရှေ့ ၂ပါဒကို နိယမယူ၍ “(ယေ မယံအကြင်ငါတို့သည်၊) ဝေရိနေသု-ကုန်သော၊ မနုဿေသု-တို့၌၊ အဝေရိနော-ကုန်သည်၊ (ဟုတွာ)၊ ဝိဟရာမ-ကုန်၏၊ (တေ မယံ-တို့သည်၊) ဝေရိနေသု အဝေရိနော-ကုန်သည်၊ (ဟုတွာ)၊ သုသုခံစွာ၊ ဇီဝါမ ဝတ-အသင်ရှင်ရပါပေကုန်စွတကား”ဟုလည်း ပေးကြ၏။

၄၁၁။ သုသုခံ ဝတ ဇီဝါမ, အာတုရေသု အနာတုရာ၊
အာတုရေသု မနုဿေသု, ဝိဟရာမ အနာတုရာ။

(မယံ)။ အာတုရေသု၊ ကိလေသာတို့ဖြင့် နာကျင်နေသူတို့၌။ ဝါ၊ တို့တွင်။ အနာတုရာ၊ ကိလေသာတို့ဖြင့် မနာကျင်ကုန်သည်။ ဝါ၊ ကိလေသာရောဂါမရှိကုန် သည်။ (ဟုတွာ၊ ၍။) သုသုခံ၊ စွာ။ ဝတ၊ စင်စစ်။ ဇီဝါမ၊ ကုန်၏။ အာတုရေသု၊ ကိလေသာ တို့ဖြင့် နာကျင်နေကုန်သော။ မနုဿေသု၊ တို့၌။ ဝါ၊ တို့တွင်။ အနာတုရာ၊ ကုန်သည်။ (ဟုတွာ၊ ၍။) ဝိဟရာမ၊ ကုန်၏။ (ပါ-၁၉၈)

၄၁၂။ သုသုခံ ဝတ ဇီဝါမ, ဥဿုကေသု အနုဿုကာ၊
ဥဿုကေသု မနုဿေသု, ဝိဟရာမ အနုဿုကာ။

(မယံ)။ ဥဿုကေသု၊ ကာမဂုဏ်ရှာမှီးမှုဝယ် အားထုတ်သူတို့၌။ ဝါ၊ တို့တွင်။ အနုဿုကာ၊ ကာမဂုဏ်ရှာမှီးမှုဝယ် အားမထုတ်ကုန်သည်။ (ဟုတွာ)။ သုသုခံ၊ စွာ။ ဝတ၊ စစ်။ ဇီဝါမ၊ ကုန်၏။ ဥဿုကေသု၊ ကာမဂုဏ်ရှာမှီးမှုဝယ် အားထုတ်နေကုန်သော။ မနုဿေသု၊ တို့၌။ ဝါ၊ တို့တွင်။ အနုဿုကာ၊ ကုန်သည်။ (ဟုတွာ)။ ဝိဟရာမ၊ ကုန်၏။ (ပါ-၁၉၉)

ဉာတိကလဟဝူပသမနဝတ္ထုဂါထာနိဿယပြီးပြီ။