တိဿဒဟရဝတ္ထုဂါထာ
၁၈-မလဝဂ်
၈- တိဿဒဟရဝတ္ထုအဋ္ဌကထာဂါထာ
အနွာဂန္တွာန ဒူသေယျ, ဘုဉ္ဇ ဘောဂေ ကဋာဟက။
(ယော၊ အကြင်သူသည်။) အညံ၊ မိမိမွေးရပ်မြေမှ အခြားသော။ ဇနပဒံ၊ ဇနပုဒ်သို့။ ဂတော၊ ရောက်သည်။ (ဟောတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်အရပ်၌။ အဿ၊ ထိုသူ၏။ ဇာတိံ၊ အမျိုးဇာတ်ကို။ (ဇာစ်မြစ်ကို)။ န ဇာနန္တိ၊ မသိကုန်။ တတ္ထ၊ ထိုအရပ် ၌။) သော၊ ထိုသူသည်။ ဗဟုမ္ပိ၊ များစွာလည်း။ ဝိကတ္ထေယျ၊ (မိမိကိုယ်ကို) အကြောင်းမဲ့ ချီးမွမ်းရာ၏။ ဝါ၊ အခြောက်တိုက်ကြွားဝါရာ၏။၃ (သာမိကော၊ သင်၏ အရှင်သည်။ ဣမံ ဂေဟံ၊ ဤအိမ်သို့။) အနွာဂန္တွာန၊ တစ်ဖန်ပြန်လာ၍။ (တံ၊ သင့်ကို။) ဒူသေယျ၊ (ကြိမ်ဖြင့်ရိုက်ခြင်း, ကျွန်အမှတ်တံဆိပ်ခပ်နှိပ်ခြင်း, အမျုိးဇာတ်ကို ဖော်ပြခြင်းဖြင့်) ဖျက်ဆီးရာ၏။ ကဋာဟက၊ ကဋာဟက။ ဘောဂေ၊ သုံးဆောင်ဖွယ်ဘောဇဉ်တို့ကို။ ဘုဉ္ဇ၊ သုံးဆောင်ပါလော။ (ဋ္ဌ-၂၁၉)
၃။ဗဟုမ္ပိ သော ဝိကတ္ထေယျ။ ။ ဝိ+ကတ္ထ(သိလာဃ=ချီးမွမ်းခြင်း)+အ+ဧယျ၊ နီတိဓာတု- ၇၃၌ “ဝိကတ္ထတီတိ ဝိရူပံ ကတ္ထတိ အဘူတဝတ္ထုဒီပနတော”ဟု ဖွင့်၏၊ ၎င်းနိ၊၁၊၁၇၉၌ ဝိရူပံတွင် ရူပသဒ္ဒါ အကြောင်းဟောယူ၍ “ဝိရူပံ-အကြောင်းကင်းလျက်”ပေး၏၊ ဤစကားအရ အထက်၌ ပေးခဲ့သည်၊ မိမိကိုယ်ကို အကြောင်းမဲ့ချီးမွမ်းသူသည် သူတစ်ပါးအားလည်း ကဲ့ရဲ့လှည့်ပတ်ပြော ဆိုမိလျက်သားဖြစ်၏၊ ထိုကြောင့် “ဝမ္ဘနဝစနံ ဝဉ္စနဝစနံ ဝဒေယျ(ဇာ၊ဋ္ဌ၊၁၊၄၈၀)”ဟု ဖွင့်သည်၊ “ဝိကတ္ထတီတိ ဝိဝိဓာ ကထယတိ(မဟာနိဋ္ဌ-၁၇၄)”ဟူသော အဖွင့်အလို “ဝိကတ္ထေယျ-အမျိုးမျိုး အဖုံဖုံ ချီးမွမ်းရာ၏”ဟု ပေး။
ပါမြန်ဓာန်။ ။ ထို၌ ကတ္ထတိကို “ကထ+အ+တိ”ဟု တစ်နည်းခွဲပုံကို ကြည့်၍ “ဝိ+ ကထ+အ+ဧယျ၊ ထ၌ ဒွေဘော်”ဟု တစ်နည်းကြံ၊ “ဗဟုမ္ပိ-များစွာသော ကဲ့ရဲ့ရှုတ်ချလှည့်ပတ် ကြောင်းစကားကိုလည်း၊ ဝိကတ္ထေယျ-အမျိုးအမျိုးအဖုံဖုံ ပြောဆိုရာ၏”ဟုပေး။
နီတိဓာတုနိ၊၁၊၁၇၉။ ။ ထို၌ ဂတောကို ဝိသေသနယူ၍ “အညံ-သော၊ ဇနပဒံ-သို့၊ ဂတော-ရောက်သော၊ ဝါ-သွား၍၊ သော-သည်၊ ဝိကတ္ထေယျ-၏”ဟု ပေး၏။
တိဿဒဟရဝတ္ထုပါဠိဂါထာ
တတ္ထ ယော စ မင်္ကု ဟောတိ, ပရေသံ ပါနဘောဇနေ၊
န သော ဒိဝါ ဝါ ရတ္တိံ ဝါ, သမာဓိ’မဓိဂစ္ဆတိ။
ဇနော၊ လူအပေါင်းသည်။ ယထာသဒ္ဓံ၊ သဒ္ဓါအားလျော်စွာ။ ယထာပသာဒနံ၊ ကြည်ညိုမှုအားလျော်စွာ။ ဝါ၊ ကြည်ညိုရာပုဂ္ဂိုလ်ဌာနအားလျော်စွာ။ ဝေ၊ စင်စစ်။ ဒဒါတိ၊ ပေးလှူ၏။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ တတ္ထ စ၊ ထိုသူတစ်ပါးအလှူ၌လည်းကောင်း။ ပရေသံ၊ သူတစ်ပါးတို့၏။ ပါနဘောဇနေ စ၊ သောက်ခြင်း စားခြင်း၌လည်းကောင်း။၁ မင်္ကု၊ မျက်နှာမသာယာသည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဒိဝါ ဝါ၊ နေ့အခါ ၌လည်းကောင်း။ ရတ္တိံ ဝါ၊ ညဉ့်အခါ၌လည်းကောင်း။ သမာဓိံ၊ ဥပစာအပ္ပနာ, မဂ်ပါ ဖိုလ်ထိ, သမာဓိကို။ န အဓိဂစ္ဆတိ၊ မရနိုင်ပါ။ (ပါ-၂၄၉)
၁။ပါနဘောဇနေ။ ။ “ပီယတေ ပါနံ၊ ဘုဇ္ဇတေ ဘောဇနံ၊ ပါနံ စ+ဘောဇနံ စ ပါနဘောဇနံ”ဟုပြု၊ ဂါထာဖွင့်အထက်နား၌ “(၁)အပ္ပကေ ဝါ...ပဏီတေ ဝါ ဒိန္နေ (၂)အညေသံ ဝါ ဒတွာ အတ္တနော အဒိန္နေ မင်္ကု ဟောတိ”ဟူသော စကားနှင့် “ဧတေသု ဌာနေသု မင်္ကုဘာဝသင်္ခါတံ(ယဿ စေတံအဖွင့်)”ဟူသော စကားအရ မင်္ကုဖြစ်ရာအကြောင်းဌာန၂မျိုးရှိသည် ဟု သိသာ၏၊ ထို၂မျိုးမှာ (၁)သူတစ်ပါးက နည်းနည်းများများ ကောင်းကောင်းဆိုးဆိုးကိုလှူခြင်း၊ (၂)အခြားသူများအား လှူ၍ မိမိအား မလှူခြင်း, သူတစ်ပါးတို့၏ သောက်စားနေခြင်းတို့တည်း၊ ဂါထာတွင် “ဒဒါတိ..ဇနော”သည် (၁)နံပါတ်အကြောင်းဌာန, “ပရေသံ ပါနဘောဇနေ” သည် (၂)နံပါတ်အကြောင်းဌာနတည်း၊ ဤသို့ ၂ဌာနယူ၍ အထက်၌ ပေးခဲ့သည်။
သာမညနိဒ္ဒေသနည်းကြံ။ ။ “ပရေသံ-တို့၏၊ တတ္ထ ပါနဘောဇနေ-ထိုအဖျော်ဘောဇဉ် တို့ဖြင့် ကျွေးမွေးရာ၌၊ မင်္ကု ဟောတိ”ဟု ပေး၍ ပါနဘောဇနေကို သဟသေယျံကဲ့သို့ သာမည နိဒ္ဒေသနည်းဟုလည်း ဆို၏၊ “ပါတဗ္ဗန္တိ ပါနံ၊ ဘုဉ္ဇီယတေတိ ဘောဇနံ၊ ပါနံ စ+ဘောဇနံ စ ပါနဘောဇနာနိ၊ ဘောဇီယတေ ဘောဇနံ(စားစေခြင်း=ကျွေးမွေးခြင်း)၊ ပါနဘောဇနေဟိ+ဘောဇနံ ပါနဘောဇနံ(ဝိကာလဘောဇနကဲ့သို့ ဘောဇနတစ်ပုဒ်ကျေ)”ဟု ပြု။
အာဓာရ၂မျိုးကြံ။ ။ တတ္ထကို သာမညာဓာရ, ပါနဘောဇနေကို ဝိသေသာဓာရယူ၍ “တတ္ထ-ထိုသို့လှူရာ၌၊ ယော-သည်၊ ပရေသံ-တို့၏၊ ပါနဘောဇနေ-စားဖွယ်သောက်ဖွယ်၌၊ မင်္ကု ဟောတိ”ဟုလည်း ပေးကြ၏၊ ဤအလို “ပါတဗ္ဗန္တိ ပါနံ၊ ဘုဉ္ဇီယတေတိ ဘောဇနံ၊ ပါနံ စ+ဘောဇနံ စ ပါနဘောဇနံ”ဟု ပြု။
သ ဝေ ဒိဝါ ဝါ ရတ္တိံ ဝါ, သမာဓိ’မဓိဂစ္ဆတိ။
စ၊ အနွယကား။ ယဿ၊ အကြင်ပုဂ္ဂိုလ်သည်။ ဧတံ၊ ဤမျက်နှာမသာယာသူ၏ ဖြစ်ကြောင်း အကုသိုလ်ကို။ သမုစ္ဆိန္နံ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် ကောင်းစွာ ဖြတ်အပ် ပြီ။၁ မူလဃစ္စံ၊ အရင်း၌ ဖြတ်အပ်သည်မည်လောက်အောင်။ ဝါ၊ အမြစ်ပြတ်အောင်။၂ သမူဟတံ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် ကောင်းစွာ ပယ်နုတ်အပ်ပြီ။၁ သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ဒိဝါ ဝါ၊ ကောင်း။ ရတ္တိံ ဝါ၊ ကောင်း။ သမာဓိံ၊ ကို။ အဓိဂစ္ဆတိ၊ ရ၏။ (ပါ၂၅၀)
၁။သမုစ္ဆိန္နံ။ ။ သမ္မဒေဝ+ဥစ္ဆိန္နံ သမုစ္ဆိန္နံ(ထေရီ၊ဋ္ဌ၊၄၂)၊ “သမူလစ္ဆိန္နောတိ သမုစ္ဆိန္နော (မဟာနိ၊ဋ္ဌ၊၁၄၇၊ ဓမ္မ၊ဋ္ဌ၊၂၊၂၄၆)”ဟူသော အဖွင့်ကို ကြည့်၍ “သဟ+မူလ+ဆိန္နံ”ဟု ခွဲကြ သေး၏(ပါညွှန်း)၊ ထိုအလို “သဟ+မူလေန သမူလံ၊ သမူလံ+ဆိန္နံ သမုစ္ဆိန္နံ(အမြစ်ရင်းနှင့်တကွ ဖြတ်အပ်ပြီ)”ဟု ပြု၊ [သဟကို သ, မူ၌ ရဿပြု, လကိုချေ၊] ဓမ္မ၊ဋ္ဌ၊၂၊၂၄၆၌ “အရဟတ္တမဂ္ဂ- ဉာဏေန”သည် သမုစ္ဆိန္နံ, သမူဟတံ၂ပုဒ်လုံး၏ ကရိုဏ်းဖြစ်သကဲ့သို့ ဤ၌လည်း ထိုအတိုင်းပင် ဖြစ်၏။
၂။မူလဃစ္စံ။ ။ “မူလဃစ္စံ ကတွာ”ဟု ကရဓာတ် တွာပစ္စယန္တဖြင့် ဖွင့်၏၊ ထိုကြောင့် အံဝိဘတ်သည် ကြိယာဝိသေသနအနက်တည်း၊ “ဟညတေတိ ဃစ္စံ၊ မူလေ+ဃစ္စံ မူလဃစ္စံ၊ (တစ်နည်း) ဟနနံ ဃစ္စံ၊ မူလဿ+ဃစ္စံ မူလဃစ္စံ”ဟု ပြု၊ နောက်နည်းအလို “မူလဃစ္စံ-အမြစ် ဖြတ်ခြင်းကို၊ (ကတွာ-ပြု၍၊) သမူဟတံ-ပြီ”ဟု ပေး။
ဃစ္စံ။ ။ ဟနဓာတ်နောင် ကရမှာ ရိစ္စ၌ “ရိစ္စ”ဟူသော ယောဂဝိဘာဂဖြင့် ရိစ္စသက်၊ ဟနကို ဃာတပြု၊ ရ်အနုဗန်နှင့်တကွ ဓာတွန်တ်ကိုချေ၊ ကွစိ ဓာတုဖြင့် နောက်ဣကိုချေ(ကစ် ဘာ၊၂၊၄၅၇၊ ရူ-၃၄၅၊ ရူဋီ၊၂၁၉)။ (တစ်နည်း) ဟန+ဏျ၊ ဟနကို ဃာတပြု, တျကို စပြု၊ စ် ဒွေဘော်လာ၊ ဃာ၌ ရဿပြု(ဝိဗော၊၂၆၈)။ မောဂ်- မောဂ်ပံ-၅, ၃၁၌ “ဟန+ယ၊ ဟနကို ဃစ်ပြု, ယကို စပြု၏။ နိဒီ-၅၃၄၌ “ကိစ္စဃစ္စဘစ္စဘဗ္ဗလေယျာ(မောဂ်-၅, ၃၁)သုတ်ဖြင့် ယပစ္စည်း သက်၍ ထိုယပစ္စည်းနှင့်တကွ ဟနကို ဃစ္စပြု၏။
တိဿဒဟရဝတ္ထုဂါထာနိဿယပြီးပြီ။