ဒေဝဒတ္တဝတ္ထုဂါထာ -၃
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၂-အတ္တဝဂ်။ ၆-ဒေဝဒတ္တဝတ္ထု
၁၆၂။ ယဿ အစ္စန္တဒုဿီလျံ၊ မာလုဝါ သာလမိဝေါတ္ထတံ။
ကရောတိ သော တထတ္တာနံ၊ ယထာ နံ ဣစ္ဆတိ ဒိသော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အား အဇာတသတ်နှင့် ပေါင်း၍ အမျိုးမျိုး သတ်ရန် ကြံစည် အားထုတ်သော ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
မာလုဝါ၊ မာလောနွယ်သည်။ သာလံ၊ မှီရာသစ်ပင်ကို။ ဩတ္ထတံ ဣဝ၊ လွှမ်းမိုး ရစ်ပတ်သကဲ့သို့။ ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အစ္စန္တဒုဿီလျံ၊ စင်စစ် သီလမရှိသူ၏ အဖြစ်တည်းဟူသော တဏှာသည်။ ဩတ္ထတံ၊ လွှမ်းမိုးလျက်။
ဌိတံ၊ တည်၏။ သော ဒိသော၊ ထိုအကျိုးမဲ့ကို အလိုရှိသော ရန်သူသည်။ နံ၊ ထိုတဏှာ လွှမ်းမိုးခံရသူကို။ ယထာ၊ အကြင် အခြင်းအရာဖြင့်။ ဣစ္ဆတိ၊ အလိုရှိ၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။
ကရောတိ နာမ၊ ဆင်းရဲအောင် ပြုလုပ်၏။
စကားပြေ
မာလောနွယ်သည် မိမိမှီရာ သစ်ပင်ကို လွှမ်းမိုး ဖျက်ဆီးသကဲ့သို့ သီလမရှိသူအား သီလမရှိသူ၏ အပြစ်တည်းဟူသော တဏှာသည် လွှမ်းမိုး ဖျက်ဆီး၏။ မိမိကိုယ်ကို မိမိပင် ဆင်းရဲအောင် ပြုလုပ်ပေး၏။
အစ္စန္တဒုဿီလျံ— လူဝတ်ကြောင် ဖြစ်သူသည် မွေးဖွားသည်မှစ၍ ဆယ်ပါးသော အကုသလကမ္မပထကို ပြုလျှင် အစ္စန္တဒုဿီလမည်၏။ ရဟန်းဖြစ်သူသည် ရဟန်းဖြစ်သည်မှစ၍ ကြီးလေးသော အာပတ်သို့ ရောက်လျှင် အစ္စန္တဒုဿီလမည်၏။
မာလောနွယ်နှင့် တဏှာ—မာလောနွယ်သည် အင်ကြင်းပင်ကို ရစ်ပတ်၍ ဖျက်ဆီးမှုကြောင့် အင်ကြင်းပင်သည် မြေသို့ လဲကျရသကဲ့သို့ ဒုဿီလဖြစ်သော တဏှာ၏ ဖျက်ဆီးမှုကြောင့် သတ္တဝါတို့သည် အပါယ်ဘုံသို့ ရောက်ကြရသည်။
စကားလုံးဖွဲ့စည်းပုံ
- အစ္စန္တဒုဿီလျံ = ဒုဿီလဿ ဘာဝော ဒုဿီလျံ။ ဒုဿီလ + ဏျ။ အစ္စန္တံ ဒုဿီလျံ အစ္စန္တဒုဿီလျံ။
- မာလုဝါ = မလတိ ဓာရေတီတိ မာလုဝါ။ မလ် + ဏုဝ + အာ။ (ဏွာဒိ၊ ၂၀)
- ဩတ္ထတံ = အဝတ္ထရိတွာိံ ဩတ္ထတံ။ အဝ + တရ် + ထ။
ဒေဝဒတ္တဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၂-အတ္တဝဂ်
၆-ဒေဝဒတ္တဝတ္ထုပါဠိဂါထာ
ကရောတိ သော တထတ္တာနံ, ယထာ နံ ဣစ္ဆတီ ဒိသော။
မာလုဝါ၊ မာလောနွယ်သည်။ ဝါ၊ ခွေးတောက်နွယ်သည်။ [မလတိ ဓာရေတီတိ မာလုဝါ၊ ထီ+ပု၊ မလ+ဏုဝ၊ မောဂ်-၇-၂၀၂။] သာလံ၊ သစ်ပင်ကို။ (ဩတ္ထတာ) ဣဝ၊ ဖုံးလွှမ်းသကဲ့သို့။ (ဧဝံ၊ ဤအတူ။) ယဿ၊ အကြင်ပုဂ္ဂိုလ်၏။၁ အစ္စန္တဒုဿီလျံ၊ စင်စစ် သီလမရှိသူ၏ ဖြစ်ကြောင်းတဏှာသည်။ (အတ္တဘာဝံ၊ ခန္ဓာကိုယ်ကို။) ဩတ္ထတံ၊ ဖုံးလွှမ်း ၏။ [ဩတ္ထရတီတိ ဩတ္ထတံ၊ အဝ+ထရ+တ။] သော၊ ထိုပုဂ္ဂိုလ်သည်။ ယထာ၊ အကြင်အခြင်း အရာအားဖြင့် ပြုလသော်။ ဒိသော၊ ရန်သူသည်။ နံ၊ ထိုပုဂ္ဂိုလ်ကို။ ဣစ္ဆတိ၊ ကြိုက်နှစ် သက်၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ ကရောတိ၊ ပြုနေ၏။ (ပြုနေသည်မည်၏)။ (ပါ-၁၆၂)
၁။ ယဿ။ ။ ယဿကို “ယံ+အဿ”ဟု ဖြတ်၍ သောဖြင့် “ဒုဿီလျဘာဝေါ”ကို စွဲကာ “ဩတ္ထတံ-ဖုံးလွှမ်းရစ်ပတ်လျက်တည်သော၊ မာလုဝါ-သည်၊ သာလံ-ကို၊ (ပါတေတိ) ဣဝ- လဲကျစေသကဲ့သို့၊ (ဧဝံ-တူ၊) အစ္စန္တဒုဿီလျံ-သည်၊ ယံ (ပုဂ္ဂလံ)-အကြင်ပုဂ္ဂိုလ်ကို၊ ဩတ္ထတံ-ဖုံး လွှမ်းရစ်ပတ်လျက် တည်သည်၊ အဿ-ဖြစ်ရာ၏၊ (တံ ပုဂ္ဂလံ-ထိုပုဂ္ဂိုလ်ကို၊) သော (ဒုဿီလျဘာဝေါ)-ထိုသီလမရှိသူ၏ အဖြစ်ဟူသော တဏှာသည်၊ (အပါယေသု-တို့၌၊ ပါတေတိ-၏၊) နံကို၊ ဒိသော-သည်၊ ယထာ-ဖြင့်၊ ဣစ္ဆတိ-၏၊ တထာ-ဖြင့်၊ အတ္တာနံ-ကို၊ ကရောတိ-၏”ဟု ပေးကြ သေး၏၊ ယဿကို “ယဿ ပုဂ္ဂလဿ” သောကို “သော...ပါတိယမာနော”ဟု ဖွင့်သော ဓမ္မ၊ဋ္ဌ၊၂၊၉၈၊ နေတ္တိ၊ဋ္ဌ၊၂၆၂အဖွင့်မှ တစ်မျိုးကြံပေးသည်ဟု မှတ်ရာ၏။
နေတ္တိဝိ-၃၄၀။ ။ ထို၌ ဩတ္ထတံကို ကံပုဒ်, ယထာ တထာကို အာကာရ, ဥပမာအားဖြင့် အနက်၂မျိုး, ကရောတိကို လေးပါဒလုံး၌ ယူ၍ “မာလုဝါ-သည်၊ သာလံ-ကို၊ ဩတ္ထတံ-ဖုံးလွှမ်းအပ် သည်ကို၊ ဝါ-မြေ၌ ကျသည်ကို၊ (ကရောတိ) ဣဝ-ပြုသကဲ့သို့၊ (တထာ-တူ၊) ယဿ-အကြင်သူ၏၊ ဝါ-မှာ၊ အစ္စန္တဒုဿီလျံ-သည်၊ (အတ္ထိ-၏၊) သော-ထိုသူသည်၊ အတ္တာနံ-ကို၊ ဩတ္ထတံ-အပါယ်တို့၌ ဖုံးလွှမ်းအပ်သည်ကို၊ ကရောတိ-၏၊ ဒိသော-သည်၊ ယထာ-ဖြင့်၊ (အနတ္ထံ-အကျိုးမဲ့ကို၊) ဣစ္ဆတိ- ၏၊ တထာ-ဖြင့်၊ (အနတ္ထံ-ကို၊) ကရောတိ ယထာ-ပြုသကဲ့သို့၊ တထာ-တူ၊ သော-ထိုဒုဿီလသည်၊ နံ-ထိုမိမိကိုယ်ကို၊ (အနတ္ထံ-ကို၊) ကရောတိ-၏”ဟု အဋ္ဌကထာဖွင့်မှ တစ်မျိုးပေးစေ၏။
ဒေဝဒတ္တဝတ္ထုပါဠိဂါထာနိဿယပြီးပြီ။