မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/စက္ခုအကြည်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရား

ဝီကီရင်းမြစ် မှ
1640နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းစက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော မဟာကုသိုလ်ဇော နာမ်တရား (၃၄)ဖားအောက်တောရဆရာတော်

စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော မဟာကုသိုလ်ဇော နာမ်တရား (၃၄)

၁။ အသိစိတ်= စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော၊
၂။ ဖဿ = စက္ခုအကြည်ဓာတ် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊
= စက္ခုအကြည်ဓာတ် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊
၃။ ဝေဒနာ = စက္ခုအကြည်ဓာတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊ (သောမနဿ)
၄။ သညာ = စက္ခုအကြည်ဓာတ် အာရုံကို မှတ်သားခြင်းသဘော၊
၅။ စေတနာ = စက္ခုအကြည်ဓာတ် အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော၊
၆။ ဧကဂ္ဂတာ = စက္ခုအကြည်ဓာတ် အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်းသဘော၊
= တည်ငြိမ်နေခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊
၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊
၈။ မနသိကာရ = စက္ခုအကြည်ဓာတ် အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့်တွန်းပို့ပေးခြင်း သဘော၊
= စက္ခုအကြည်ဓာတ် အာရုံကို နှလုံးသွင်းခြင်းသဘော။ပ။[မှတ်စု ၁]၁၅။ သဒ္ဓါ= စက္ခုအကြည်ဓာတ် အာရုံကို ထိုးထွင်းသိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်ခြင်း သဘော၊
၃၄။ ပညာ= စက္ခုအကြည်ဓာတ် အာရုံကို ထွင်းဖောက် သိမြင်ခြင်းသဘော၊

ဤမျှဆိုလျှင် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သဘောပေါက်လောက် ပေပြီ။ စေတသိက် (၅၂)လုံးကို သဘောအဓိပ္ပါယ်နှင့် တကွ ကျေကျေပွန်ပွန် အလွတ်ရအောင် ကျက်ထားပြီးသူ သူတော်ကောင်းအတွက်ကား အလွန်ကြီး မခက်ခဲတော့ပြီ။ နားအကြည်ဓာတ်စသည့် ရုပ်အစစ် ရုပ်အတုတို့၌လည်း နည်းမှီ၍ သိပါလေ။ ဤ၌ စက္ခုအကြည်ဓာတ်ကို စံထား၍ ဓမ္မာရုံလိုင်း သုဒ္ဓမနောဒွါရဝီထိ အကောင်းအုပ်စု ဇယား တစ်ခုကို ရေးသားတင်ပြထားပါသည်။ အကောင်းအုပ်စုဟူသည် ကုသိုလ်ဇောများ စောသော ဝီထိကို ဆိုလိုပေသည်။

ဤ၌ ..

၁။ စက္ခုအကြည်ဓာတ်ဟု သိသော စိတ်စေတသိက်,
၂။ ရုပ်တရားဟု သိသော စိတ်စေတသိက်,
၃။ အနိစ္စဟု သိသော စိတ်စေတသိက်,
၄။ ဒုက္ခဟု သိသော စိတ်စေတသိက်,
၅။ အနတ္တဟု သိသော စိတ်စေတသိက်,
၆။ အသုဘဟု သိသော စိတ်စေတသိက် –
ဤ စိတ်+စေတသိက် = နာမ်တရားတို့ကိုသာ သိမ်းဆည်းရှုပွားနေခြင်း ဖြစ်သည်ကို သဘောပေါက်ပါလေ။

ဤ အထက်ပါဇယား၌ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို (၂၄)မျိုးသော အခြင်းအရာအားဖြင့် သိမ်းဆည်းပုံကို တင်ပြထား၏၊ ယောနိသောမနသိကာရဖြစ်အောင် နှလုံးသွင်းတတ်ပါက ကုသိုလ်ဇောများ စောပုံကို သဘောပေါက်ရန်အတွက် ရည်ရွယ်၍ ရေးသားတင်ပြထားပါသည်။ ထိုသို့ သိမ်းဆည်း ရှုပွားရာ၌ ရှေးဦးစွာ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်း ရှုပွားရန် မမေ့ပါနှင့်။ ရုပ်အစစ် ရုပ်အတု အားလုံး၌ နည်းတူပင် သဘောပေါက်ပါ။ ဤ၌ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ကုသိုလ်ဇောများ ပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကို ရှုပုံစနစ် တစ်ခုကို ပုံစံအဖြစ် ရေးသားတင်ပြအပ်ပါသည်။

  1. ဤမျှဆိုလျှင် သဘောပေါက်လောက်ပြီဟု ယူဆသဖြင့် ထူးရာ စေတသိက်အချို့ကိုသာ ဖော်ပြအပ်ပါသည်။ စျာန်နာမ်တရား (၃၄)လုံးနှင့် အာရုံသာ ကွာဟချက် ရှိသည်၊ အမျိုးအစားချင်းကား တူညီလျက်ပင် ရှိသည်။