မာတိကာသို့ ခုန်သွားရန်

လိစ္ဆဝီဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၆-ပိယဝဂ်

၄-လိစ္ဆဝီဝတ္ထု

၂၁၄။ ရတိယာ ဇာယတိ သောကော၊ ရတိယာ ဇာယတိ ဘယံ။
ရတိယာ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်ကို အမှီပြု၍ ပြသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ပြည့်တန်ဆာမကို ခေါ်၍ ဥယျာဉ်သို့ ပျော်ပါးရန် သွားကြသော လိစ္ဆဝီမင်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ရတိယာ၊ ကာမဂုဏ်၌ မွေ့လျော်မှုကြောင့်။ သောကော၊ စိုးရိမ်မှုသည်။ ဇာယတိ၊ ဖြစ်၏။ ရတိယာ၊ ကာမဂုဏ်၌ မွေ့လျော်မှုကြောင့်။ ဘယံ၊ ကြောက်ရွံ့မှုသည်။ ဇာယတိ၊ ဖြစ်၏။ ရတိယာ၊ ကာမဂုဏ်၌ မွေ့လျော်မှုမှ။ ဝိပ္ပမုတ္တဿ၊ ကင်းလွတ်သူအား။ သောကော၊ စိုးရိမ်မှုသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်မှာ။ ဘယံ၊ ကြောက်ရွံ့မှုသည်။ အတ္ထိ၊ ရှိမည်နည်း။ နတ္ထိ၊ မရှိသည်သာတည်း။

စကားပြေ

ကာမဂုဏ်၌ မွေ့လျော်မှုကြောင့် စိုးရိမ်ကြောက်ရွံ့မှုသည် ဖြစ်၏။ ကာမဂုဏ်၌ မွေ့လျော်မှုမှ ကင်းလွတ်သူအား စိုးရိမ်မှု ကြောက်ရွံ့မှုသည် မရှိတော့သည်သာတည်း။

ရတိ— အရ၊ ကာမဂုဏ်ငါးပါးတို့၌ မွေ့လျော်မှု လောဘရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ရတိယာ = ရမဏံ ရတိ။ ရမု + တိ။

လိစ္ဆဝီဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၆-ပိယဝဂ်

၄-လိစ္ဆဝီဝတ္ထုပါဠိဂါထာ

၄၃၂။ ရတိယာ ဇာယတီ သောကော, ရတိယာ ဇာယတီ ဘယံ၊
ရတိယာ ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။

ရတိယာ၊ ကာမဂုဏ်ပေါ်, မွေ့လျော်ပျော်ပါး, လိုက်စားခြင်းမှ။ ဝါ၊ ကြောင့်။ ပေ။ ကုတော။ (ပါ-၂၁၄)

လိစ္ဆဝီဝတ္ထုဂါထာနိဿယပြီးပြီ။