မာတိကာသို့ ခုန်သွားရန်

ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
3201ဓမ္မပဒဂါထာနိဿယ — ၆။ ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၁-ပကိဏ္ဏကဝဂ်
၆-ဝဇ္ဇီပုတ္တကဘိက္ခုဝတ္ထု
၃၀၂။ ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ၊ ဒုရာဝါသာ ဃရာ ဒုခါ။
ဒုက္ခော သမာနသံဝါသော၊ ဒုက္ခာနုပတိတဒ္ဓဂူ။
တသ္မာ န စဒ္ဓဂူ သိယာ၊ န စ ဒုက္ခာနုပတိတော သိယာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဝေသာလီပြည်ကို အမှီပြု၍ မဟာဝန်တော၌ သီတင်းသုံးနေတော်မူစဉ် ပွဲသဘင်မှ တူရိယာသံများကို ကြားရ၍ တောကို ငြီးငွေ့လာသော ဝဇ္ဇီမင်းသား ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဝဇ္ဇီတိုင်းသား ရဟန်း ရဟန္တာဖြစ်သည်။

အနက်

ဒုပ္ပဗ္ဗဇ္ဇံ၊ စည်းစိမ်ဥစ္စာ ဆွေမျိုးအစုကို စွန့်၍ ရဟန်းပြုနိုင်ခဲ၏။ ဒုရဘိရမံ၊ ဆွမ်းခံ၍ အသက်မွေးပြီးလျှင် တရားအားလျော်စွာ ကျင့်ခြင်း၌ မွေ့လျော်နိုင်ခဲ၏။ ဃရာ၊ အိမ်၌ နေသူတို့သည်။ ဒုရာဝါသာ၊ ပြုဖွယ်ကိစ္စများ ဆောင်ရွက်နေရခြင်းတို့သည်။ ဒုခါ၊ ဆင်းရဲကုန်၏။ သမာနသံဝါသော၊ စိတ်သဘောချင်း မတူသူတို့နှင့် နေရခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ၏။ အဒ္ဓဂူ၊ သံသရာခရီးသွားရခြင်းတို့သည်။ ဒုက္ခာနုပတိတာဝ၊ ဆင်းရဲသို့ ကျရောက်တတ်ကုန်သည် သာတည်း။ တသ္မာ၊ ထို့ကြောင့်။ အဒ္ဓဂူ၊ သံသရာခရီးသွားသည်။ န စ သိယာ၊ မဖြစ်ရာ။ ဒုက္ခာနုပတိတော၊ ဆင်းရဲသို့ ကျရောက်သူသည်။ န သိယာ၊ မဖြစ်ရာ။

စကားပြေ

စည်းစိမ်ဥစ္စာ, ဆွေမျိုးအစုအဝေးကို စွန့်ခွါ၍ ရဟန်းပြုရန် ခဲယဉ်း၏။ ဆွမ်းခံ၍ အသက်မွေးပြီးလျှင် တရားအားလျော်စွာ ကျင့်ရန် ခဲယဉ်း၏။ အိမ်၌ နေသူတို့၏ များမြောင်လှစွာသော ပြုဖွယ်ကိစ္စတို့ကို ဆောင်ရွက်နေရခြင်းသည် ဆင်းရဲ၏။ စိတ်သဘောချင်း မတူသူတို့နှင့် နေရခြင်းသည် ဆင်းရဲ၏။ သံသရာခရီးသွားသူသည် ဆင်းရဲသို့ ကျရောက်တတ်၏။ သံသရာခရီးသွားမဖြစ်လျှင် ဆင်းရဲသို့ မကျရောက်နိုင်။
ဒုပ္ပဗ္ဗဇ္ဇံ— နည်းနည်းများများ ဖြစ်သော စည်းစိမ်ဥစ္စာ, ဆွေမျိုးမိတ်သင်္ဂဟတို့ကို စွန့်ခွါ၍ သာသနာတော်၌ အသက်ပေးပြီး ရဟန်းပြုရန် ခဲယဉ်း၏။
ဒုရဘိရမံ— ရဟန်းပြုပြီးသော်လည်း ဆွမ်းခံ၍ အသက်မွေးဝမ်းကျောင်းမှုကို အားထုတ်ရခြင်း များစွာသော သီလတို့ကို မကျိုးမပေါက် မပြောက်မကျား ရအောင် စောင့်ရှောက်ရခြင်း, တရားတော်နှင့် အညီ ပြည့်စုံအောင် ပြုကျင့်ရခြင်းဖြင့် မွေ့လျော်ရန် ခဲယဉ်း၏။
ဒုရာဝါသာ— အိမ်၌ နေသောသူမှန်သမျှ မင်းတို့အား မင်းကိစ္စ အစိုးရတို့အား အစိုးရကိစ္စတို့ကို ဆောင်ရွက်ရခြင်း၊ လူအပေါင်းတို့ကိုလည်းကောင်း တရားနှင့် ညီသော ရဟန်း ပုဏ္ဏားတို့ကိုလည်းကောင်း ထောက်ပံ့ရခြင်း စသည်ဖြင့် အိုးပေါက်ကဲ့သို့လည်းကောင်း သမုဒ္ဒရာကဲ့သို့လည်းကောင်း ပြည့်နိုင်ခဲ၏။ ထိုကြောင့် အိမ်၌ နေသူများသည် မကောင်းသော နေခြင်းသာဖြစ်၍ ဆင်းရဲ၏။
ဒုက္ခော သမာနသံဝါသော— လူဖြစ်က ဇာတ်အနွယ်, အမျိုးစည်းစိမ်အားဖြင့် တူသော ပုဂ္ဂိုလ်၊ ရဟန်းဖြစ်က အကျင့်သီလ အကြားအမြင် ဗဟုသုတအားဖြင့် တူသော ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ငြင်းခုံမှုကို ရှေ့ရှုသူနှင့် အတူနေရလျှင် ဆင်းရဲရ၏။

ပါဠိသဒ္ဒါခက်ဆစ်

အသမာနသံဝါသော- သမာနော သံဝါသော သမာနသံဝါသော။ သမာန + သံဝါသ။ နတ္ထိ သမာနသံဝါသော ယဿာတိ အသမာနသံဝါသော။ န + သမာနသံဝါသ + ယ။
အဒ္ဓဂူ = အဒ္ဓံ ဂစ္ဆတိတိ အဒ္ဓဂူ။ အဒ္ဓ + ဂမု + ရူ။
ဒုက္ခာနုပတိတော = ဒုက္ခံ အနုပတိတော ဒုက္ခာနုပတိတော။ ဒုက္ခ + အနုပတိတ။
ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၁-ပကိဏ္ဏကဝဂ်

၆-ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထုအဋ္ဌကထာဂါထာ

၅၃၉။ ဧကကာ မယံ အရညေ ဝိဟရာမ, အပဝိဒ္ဓံဝ ဝနသ္မိံ ဒါရုကံ၊
ဧတာဒိသိကာယ ရတ္တိယာ, ကောသု နာမမှေဟိ ပါပိယော။

ဝနသ္မိံ၊ တော၌။ အပဝိဒ္ဓံ၊ စွန့်ပစ်အပ်သော။ ဒါရုကံ ဣဝ၊ ထင်းနုတ်ထင်းဖွဲကဲ့ သို့။ [ခုဒ္ဒကံ+ဒါရု ဒါရုကံ။] မယံ၊ ငါတို့သည်။၁ ဧကကာ၊ အဖော်မမှီး, တစ်ကိုယ်တည်းတို့ သည်။ (ဟုတွာ၊ ၍။) အရညေ၊ တော၌။ ဝိဟရာမ၊ နေကြရ၏။ ဧတာဒိသိကာယ၊ ဤကဲ့ သို့ ရှုအပ်သော။ ရတ္တိယာ၊ ညဉ့်၌။ အမှေဟိ၊ ငါတို့အောက်။ ပါပိယော၊ အထူးအားဖြင့် ယုတ်ညံ့သော။ ဝါ၊ အောက်တန်းကျသော။ ကော နာမ၊ အဘယ်မည်သူသည်။ (အတ္ထိ၊ ရှိတော့အံ့နည်း။) [သုကား ပဒပူရဏအနတ္ထကနိပါတ်။] (ဋ္ဌ-၂၂၉)

၁။မယံ။ ။ ဗဟုဝုစ်ဝိဘတ်ဖြင့် ထားရာဌာန ၁၆ဌာနရှိ၏၊ ဤ၌ တစ်ပါးတည်းဖြစ်လျက် မိမိကိုယ်ကို ပြောသောအရာဖြစ်သောကြောင့် “မယံ”ဟု ဗဟုဝုစ်သုံးစွဲထားသည်(ထေရ၊ဋ္ဌ၊၁၊၁၈၀)၊ ကွစိ ဇာတိအတ္တဂရူသု စ(နီတိ-၆၇၀)သုတ်ဖြင့် အမှနောင် ပထမာဗဟုဝုစ်ယောဝိဘတ် သက်၊ အကျယ်လိုမူ နီတိသုတ္တ-၁၇၂၊ ဘေဒဘာ-၁၅၇ရှု။

သံ၊ဋ္ဌ၊၁၊၂၇၀။ ။ ထိုအလို “မယံ-တို့သည်၊ ဧကကာ-တို့သည်၊ (ဟုတွာ) ဝိဟရာမကုန်၏၊ ဝနသ္မိံ-၌၊ အပဝိဒ္ဓံ-သော၊ ဒါရုကံ ဣဝ-ကဲ့သို့၊ (ဇာတံ-ဖြစ်နေပြီ)”ဟု ပေး၊ အထက်၌ ထေရ၊ဋ္ဌ၊၁၊၁၇၉အတိုင်း ပေးသည်။

၅၄၀။ ဧကကောဝ တွံ အရညေ ဝိဟရသိ, အပဝိဒ္ဓံဝ ဝနသ္မိံ ဒါရုကံ၊
တဿ တေ ဗဟုကာ ပိဟယန္တိ, နေရယိကာ ဝိယ သဂ္ဂဂါမိနံ။

ဝနသ္မိံ၊ ၌။ အပဝိဒ္ဓံ၊ သော။ ဒါရုကံ ဣဝ၊ ကဲ့သို့။ (ယော) တွံ၊ အကြင်သင်သည်။ ဧကကောဝ၊ အဖော်မမှီး, တစ်ကိုယ်တည်းသာ။ (ဟုတွာ၊ ၍။) အရညေ၊ ၌။ ဝိဟရသိ၊ နေ၏။ တဿ တေ၊ ထိုသင့်အား။ ဝါ၊ ကို။၂ ဗဟုကာ၊ များစွာသောသူတို့သည်။ ပိဟယန္တိ၊ လိုလားတောင့်တကုန်၏။ (ကိမိဝ၊ အဘယ်ကဲ့သို့နည်း။) နေရယိကာ၊ ငရဲ၌ ဖြစ်သူတို့ သည်။ [နိရယေ နိဗ္ဗတ္တာ နေရယိကာ။ ထေရ၊ဋ္ဌ၊၁၊၁၇၉။] သဂ္ဂဂါမီနံ၊ နတ်ပြည်သို့ လား ရောက်သူတို့အား။ ဝါ၊ တို့ကို။၂ ပိဟယန္တိ ဝိယ၊ လိုလားတောင့်တကုန်သကဲ့သို့တည်း။ (ဋ္ဌ-၂၃၀)

၂။တဿ တေ, သဂ္ဂဂါမိနံ။ ။ ပိဟဓာတ်၏ယှဉ်ရာ၌ “သမ္ပဒါန်အနက်၌ စတုတ္ထီ, ကံ အနက်၌ စတုတ္ထီ, သာမီအနက်၌ ဆဋ္ဌီ”ဟု ၃မျိုးယူနိုင်၏၊ ဤ၌ ကံအနက်၌ စတုတ္ထီ, သာမီ အနက်၌ ဆဋ္ဌီဟု ဖွင့်၏၊ သာမီအနက်၌ ဆဋ္ဌီဟုယူလျှင် “တဿ တေ-ထိုသင်၏၊ (သန္တိကေ အထံ၌၊ ဂုဏေ-ဂုဏ်တို့ကို၊) ပိဟယန္တိ”ဟု ပေး၊ သဂ္ဂဂါမိနံ၌လည်း နည်းတူပင်၊ “သဂ္ဂဂါမီနံ”ဟု ဆိုလိုလျက် ဆန်းကြောင့် နီ၌ရဿပြု။(ထေရ၊ဋ္ဌ၊၁၊၁၈၀၊ ဓမ္မဂါနိ၊၂၊၃၃)

ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထုပါဠိဂါထာ

၅၄၁။ ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ, ဒုရာဝါသာ ဃရာ ဒုခါ၊
ဒုက္ခော’သမာနသံဝါသော, ဒုက္ခာနုပတိတဒ္ဓဂူ။

တသ္မာ န စဒ္ဓဂူ သိယာ, န စ ဒုက္ခာနုပတိတော သိယာ။ (ဣဒံ သာသနံ၊ ဤဗုဒ္ဓမြတ်စွာ သာသနာတော်သည်။) ဒုပ္ပဗ္ဗဇ္ဇံ၊ ဆင်းရဲစွာ ရှင် ရဟန်းဘဝသို့ ရောက်ရခြင်းရှိ၏။ ဝါ၊ ခဲယဉ်းစွာပြုအပ်သော ရှင်ရဟန်းအဖြစ်ရှိ၏။ (ရှင်ရဟန်းပြုနိုင်ဖို့ ခဲယဉ်း၏။)၁ ဒုရဘိရမံ၊ ခဲယဉ်းစွာ မွေ့လျော်အပ်၏။ ဝါ၊ မွေ့လျော် ဖို့ ခဲယဉ်း၏။ ဃရာ၊ အိမ်၌ နေခြင်းတို့သည်။ ဝါ၊ အိမ်ရာတည်ထောင်, လူ့ဘောင်တို့ သည်။ [ဃရေ+အာဝါသာ ဃရာ။ အာဝါသပုဒ်ကျေသည်။ (တစ်နည်း) ဌာနူပစာရ။] ဒုရာဝါသာခဲယဉ်းကျပ်တည်းသော နေရခြင်းရှိကုန်သည်။ (ဟုတွာ၊ ၍။ ဝါ၊ ခြင်းကြောင့်။) ဒုက္ခာဆင်းရဲကုန်၏။ အသမာနသံဝါသော၊ အလိုဆန္ဒ မတူမျှသူတို့နှင့် အတူတကွ နေရခြင်း သည်။ ဒုက္ခော၊ ဆင်းရဲ၏။ အဒ္ဓဂူ၊ ဝဋ်ခရီးကို သွားနေသူတို့သည်။ ဒုက္ခာနုပတိတာ၊ ဒုက္ခ၌ အဖန်ဖန်ကျရောက်ရကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဒ္ဓဂူ စ၊ ဝဋ်ခရီးကို သွားသူ သည်လည်း။ န သိယာ၊ မဖြစ်ရာ။ ဒုက္ခာနုပတိတော စ၊ ဒုက္ခသည် အဖန်ဖန်ရောက် အပ်သူသည်လည်း။ ဝါ၊ ဒုက္ခ၌ အဖန်ဖန်ကျရောက်သူသည်လည်း။ န သိယာ၊ မဖြစ်ရာ။ (ပါ-၃၀၂)

၁။ဒုပ္ပဗ္ဗဇ္ဇံ။ ။ ဒုပ္ပဗ္ဗဇ္ဇန္တိ ဣမသ္မိံ သာသနေ ဥရံ ဒတွာ ပဗ္ဗဇနဿ ဒုက္ကရတ္တာ ဒုက္ခံ ပဗ္ဗဇနံ, ဒုက္ကရာ ပဗ္ဗဇ္ဇာတိ ဒုပ္ပဗ္ဗဇ္ဇံ(ထေရ၊ဋ္ဌ၊၁၊၂၇၉)။ ဤအဖွင့်တွင် “ဣမသ္မိံ သာသနေ ဒုက္ခံ ပဗ္ဗဇနံ, ဒုက္ကရာ ပဗ္ဗဇ္ဇာ”ကို ကြည့်၍ “ပဗ္ဗဇ္ဇနံ ပဗ္ဗဇ္ဇာ၊ ပဌမမေဝ ဝဇိတဗ္ဗာတိ ဝါ ပဗ္ဗဇ္ဇာ၊ ဒုက္ကရာ '+ပဗ္ဗဇ္ဇာ ဣမသ္မိန္တိ ဒုပ္ပဗ္ဗဇ္ဇံ(ဆင်းရဲစွာ ရှင်ရဟန်းဘဝသို့ ရောက်ရခြင်းရှိရာ သာသနာ= ခဲယဉ်းစွာ ပြုအပ်သော ရှင်ရဟန်းအဖြစ်ရှိရာ သာသနာ)”ဟု ပြု၊ ဤကား အဖွင့်အတိုင်း ကြံခြင်းတည်း။ “ဒုက္ခေန+ပဗ္ဗဇိတဗ္ဗန္တိ ဒုပ္ပဗ္ဗဇ္ဇံ-ခဲယဉ်းသဖြင့် ရှင်ရဟန်းပြုအပ်၏”ဟု အဖွင့်မှအလွတ် ကြံကြ သေး၏။

တုလျတ်, ကတ္တားထည့်။ ။ ဒုရာဝါသာ, ဒုခါတို့၏ တုလျတ်, ကတ္တားသည် ဃရာတည်း၊ ဒုက္ခော၏ တုလျတ်, ကတ္တားသည် အသမာနသံဝါသောတည်း၊ ဒုက္ခာနုပတိတာ၏ တုလျတ်, ကတ္တားသည် အဒ္ဓဂူတည်း၊ ဤသို့ တုလျတ်, ကတ္တား အသီးအသီးရှိပုံကိုထောက်လျှင် ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံတို့၌လည်း တုလျတ်, ကတ္တားရှိသင့်ရကား “ဣမသ္မိံ သာသနေ”ဟူသော အဖွင့်ကို ကြည့်၍ ၎င်းတို့၏ ကတ္တားကို “ဣဒံ သာသနံ”ဟု ထည့်သည်။

ပဗ္ဗဇ္ဇာ နာမ ဒုက္ခာရှိသင့်။ ။ ပ+ ဝဇ+ဏျ၊ “ပဝွဇျ”ဟု ဖြစ်သောအခါ ဝဇာဒီဟိ ပဗ္ဗ- ဇ္ဇာဒယော နိပစ္စန္တေသုတ်ဖြင့် ဝွကိုဗ္ဗပြု, ဣတ္ထိလိင်ပြု, အာပစ္စည်းသက်၍ “ပဗ္ဗဇ္ဇာ”ဟု ရုပ်ပြီး စေသော ရူ-၄၀၈အဆိုအရ အဋ္ဌကထာ၌ “ပဗ္ဗဇ္ဇံ နာမ ဒုက္ခံ”နေရာဝယ် “ပဗ္ဗဇ္ဇာ နာမ ဒုက္ခာ”ဟု ရှိစေသင့်သည်။

ဝဇ္ဇီပုတ္တကဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။