သမ္ဗဟုလဘိက္ခုဝတ္ထုဂါထာ -၆
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၆-ဗြာဟ္မဏဝဂ်။ ၂-သမ္ဗလဘိက္ခုဝတ္ထု
၃၈၄။ ယဒါ ဒွယေသု ဓမ္မေသု၊ ပါရဂူ ဟောတိ ဗြာဟ္မဏော။
အထဿ သဗ္ဗေ သံယောဂါ၊ အတ္ထံ ဂစ္ဆန္တိ ဇာနတော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ထိုထိုအရပ်၌နေကြကုန်သော သုံးဆယ်မျှလောက်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သုံးဆယ်မျှလောက်သော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။
အနက်
ဗြာဟ္မဏော၊ သူတော်ကောင်းသည်။ ယဒါ၊ အကြင်အခါ၌။ ဒွယေသု ဓမ္မေသု၊ သမထ ဝိပဿနာတရား နှစ်ပါးတို့၌။ ပါရဂူ၊ ကမ်းတဘက်သို့ရောက်သည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ ဇာနတော၊ တရားမှန်ကိုသိသော။ အဿ၊ ထိုသူတော်ကောင်းအား။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သံယောဂါ၊ ဝဋ်ဆင်းရဲ၌ ဖွဲ့ချည်တတ်သော ကာမရာဂသံယောဇဉ်စသည်တို့သည်။ အတ္ထံ၊ ချုပ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။
စကားပြေ
သူတော်ကောင်းသည် သမထ ဝိပဿနာတရားနှစ်ပါးတို့၌ ကမ်းတဘက်သို့ရောက်သည်ဖြစ်၍ တရားမှန်ကိုသိသော သူတော်ကောင်းအား အလုံးစုံသော ကာမရာဂသံယောဇဉ် စသည်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။
ယဒါ ဒွယေသု ဓမ္မေသု—၌ ဓမ္မအရ သမထ ဝိပဿနာတရားရ၏။
ပါရဂူ—အရ သမထဝိပဿနာတရားနှစ်ပါး၌ တည်၍ ထူးသောဉာဏ်ဖြင့် ကမ်းတဘက်သို့ရောက်သော ရဟန္တာရ၏။
ပါဠိစကားလုံး ဖွဲ့စည်းပုံ
ဒွယေသု = ဒွိန္နံ သမူဟော ဒွယံ။ ဒွိ+ဏ။
သမ္ဗလဘိက္ခုဝတ္ထုပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၆-ဗြာဟ္မဏဝဂ်
၂-သမ္ဗဟုလဘိက္ခုဝတ္ထု ပါဠိဂါထာ
အထဿ သဗ္ဗေ သံယောဂါ, အတ္ထံ ဂစ္ဆန္တိ ဇာနတော။
ယဒါ၊ အကြင်အခါ၌။ ဗြာဟ္မဏော၊ မကောင်းမှုတို့ကို မျောစေပြီးသော ရဟန္တာသည်။ ဒွယေသု၊ ၂-ပါးသောအဖို့အစုရှိကုန်သော။၂ ဓမ္မေသု၊ သမထဝိပဿနာ***စာပျောက်နေ???
၂။ ဒွယေသု ။ ။ ဒွိနောင် အဿ အံသာအနက်၌ အယပစ္စည်းသက်၊ “ဒွေ+အံသာ အဝယဝါ ဧတေသန္တိ ဒွယာ”ဟု ပြု(သုတ္တနိ၊ဋ္ဌ၊၂၊၂၂၀၊ မောဂ်-၄, ၄၉၊ နိရုတ္တိ၊၃၃၃)၊ ဓမ္မဋီ အလို “ဒွီဟိ အာကာရေဟိ+အယန္တိ ပဝတ္တန္တီတိ ဒွယာ-နှစ်ပါးသော အခြင်းအရာတို့ဖြင့် ဖြစ်ကုန် သော၊[ဒွိ+ဣ+အ၊ ဣကို အပြု၊]”ဟု ပြု။ “ဒွေ ဓမ္မာတိ ခေါ သာရိပုတ္တ သမထဝိပဿနာ ဝုစ္စန္တိ”ကို ကြည့်၍ “ဒွေယေဝ ဒွယာ”ဟုလည်းကောင်း “ဒွိဓာ ဌိတေသု”အဖွင့်ကို ကြည့်၍ “ဒွီဟိ+ဌိတာ ဒွယာ(၂ပါးအပြားတို့ဖြင့် တည်ကုန်သော)”ဟုလည်းကောင်း ကြံသင့်၏။