မာတိကာသို့ ခုန်သွားရန်

အညတရကုလပုတ္တဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

၁၈-မလဝဂ်

၅-အညတရကုလပုတ္တဝတ္ထုအဋ္ဌကထာဂါထာ

၄၆၈။ ယထာ နဒီ စ ပန္ထော စ, ပါနာဂါရံ သဘာ ပပါ၊
ဧဝံ လောကိတ္ထိယော နာမ, ဝေလာ တာသံ န ဝိဇ္ဇတိ။

နဒီ စ၊ မြစ်သည်လည်းကောင်း။ ပန္ထော စ၊ လမ်းသည်လည်းကောင်း။ ပါနာဂါရံ စ၊ သေရည်အရက်သောက်ခြင်းငှာ ဆောက်လုပ်အပ်သော အိမ်သည်လည်းကောင်း။ ဝါ၊ အရက်ဆိုင်သည်လည်းကောင်း။ [ပါနတ္ထံ+ကတံ+အဂါရံ ပါနာဂါရံ။ ဓာန်-ဋီ-၂၁၂။ ပါနမန္ဒိရံရှု။] သဘာ စ၊ ဧည့်သည်တို့တည်းခိုရာ ဇရပ်သည်လည်းကောင်း။ ပပါ စ၊ လမ်း၌တည်ထားအပ်သော ရေအိုးစင်သည်လည်းကောင်း။ (သဗ္ဗသာဓာရဏာ) ယထာ၊ အလုံးစုံသောလူတို့နှင့် ဆက်ဆံသကဲ့သို့။ ဧဝံ၊ ဤအတူ။ လောကေ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်။ (သဗ္ဗသာဓာရဏာ၊ အလုံးစုံသောယောကျ်ား တို့နှင့် ဆက်ဆံကုန်၏။) တာသံ၊ ထိုမိန်းမတို့၏။ ဝါ၊ တို့မှာ။ ဝေလာ၊ သွားလာဖို့ရာ သတ်မှတ်ထားသော အချိန်သည်။ ဝါ၊ သွားလာနိုင်သူ အပိုင်းအခြားသတ်မှတ်ချက် သည်။ န ဝိဇ္ဇတိ၊ မရှိ။ (ဋ္ဌ-၂၁၈)

၂။ ပပါ။ ။ ပပိဝန္တိ အဿန္တိ ပပါ၊ [ပ+ပါ+အ၊-ဓာန်-ဋီ-၂၁၄။] “ပဝဒ္ဓံ ဝါ အာပံ ပပံ၊ မဟောဒကန္တိ အတ္ထော(ဇာ၊ဋ္ဌ၊၁၊၁၂၅)”ဟူသော အဖွင့်ကို မှီး၍ “ပဝဒ္ဓေါ+အာပေါ အဿန္တိ ပပါ(တိုးပွားသော ရေရှိရာရေတွင်း)”ဟု တစ်နည်းကြံ၊ “ပ+အာပါ”ဟုဖြတ်၊ ဝါ ပရော အသရူပါ သုတ်၌ “ဝါ ပရော” ဟူသော ယောဂဝိဘာဂဖြင့် နောက်အာကိုချေ။ (နိဒ္ဒေသ-၁၁၊ ဝိဗော၊၁၂၊ သပြေ၊၁၊၉၉၊ ကစ်ဘာ၊၁၊၃၉)၊ (တစ်နည်း) ရှေ့အ-ကိုချေ, ဧဝါဒိဿ ရိ ပုဗ္ဗော စ ရဿော သုတ်၌ “ရဿော” ဟူသော ယောဂဝိဘာဂဖြင့် နောက်အာကို ရဿပြု(ဝိဗော၊၂၀)။

၁။ဝေလာ။ ။ ဝေလာသဒ္ဒါသည် “ကာလ, ကူလ, သီမာ, ရာသိ”ဟူသော အနက်တို့ကို ဟောရာ ဤ၌ ရှေ့နည်းအလို ကာလအနက်၊ နောက်နည်းအလို သီမာအနက်တည်း(ဇာ၊ဋ္ဌ၊၅, ၄၈၃)၊ “ဝိနာသံ လာတီတိ ဝေလာ(ကာလ)၊ [ဝိနာသ+လာ+အ၊ နာသချေ၊ ဣကို ဧပြု၊-ဓာန်-ဋီ-၆၆။] ဝေလာယတီတိ(လှုပ်ရှားစေတတ် ဖျက်ဆီးတတ်သောကြောင့်) ဝေလာ, သီမာ(အဘိ၊ဋ္ဌ၊၁၊၂၆၄)၊ ဝေလတီတိ ဝေလာ, ဝေလနံ ဝါ ဝေလာ(ပါစိယော-၅၅၈)”ဟုပြု။

အသီးအသီးထည့်ပေးနိုင်။ ။ “နှစ်သုံးလေးပါး, ကံကတ္တားနှင့်, ထားသည့်အရာ, ကြိယာ မှာ, မှန်စွာနောက်ဖျား, ကံကတ္တားနှင့်, တူငြားလိင်ဝုစ်အညီတည်း(ဘုရား-၇၉)”နှင့်အညီ “ပပါ” ဟူသော နောက်ဆုံးကတ္တား၏ လိင်ဝုစ်အတိုင်း “သဗ္ဗသာဓာရဏာ”ဟု တစ်ပုဒ်တည်းသာ ထည့် ပေးခဲ့သည်၊ “နဒီ-သည်၊ (သဗ္ဗသာဓာရဏာ) ယထာ စ-အလုံးစုံသောလူတို့နှင့် ဆက်ဆံသကဲ့ သို့ကောင်း၊ ပန္ထော-သည်၊ (သဗ္ဗသာဓာရဏော) ယထာ စ-ကောင်း၊ ပါနာဂါရံ-သည်၊ (သဗ္ဗ- သာဓာရဏံ) ယထာ စ-ကောင်း၊ သဘာ-သည်၊ (သဗ္ဗသာဓာရဏာ) ယထာ စ-ကောင်း၊ ပပါ- သည်၊ (သဗ္ဗသာဓာရဏာ) ယထာ စ-ကောင်း”ဟု လိင်္ဂတ်ပုဒ် အသီးအသီးထည့်ပေးနိုင်၏။ (ဇာ၊ဋ္ဌ၊၁၊၃၁၉၊ ၃၂၀)

ဥပမာနထည့်ပေးနိုင်။ ။ “ဝေလာ တာသံ န ဝိဇ္ဇတိ” ၌ ဥပမာနဝါကျထည့်၍ “ဧတေသံ နဒီအာဒီနံ-ဤမြစ်အစရှိသည်တို့၏၊ ဝေလာ-သည်၊န ဝိဇ္ဇတိ ယထာ-မရှိသကဲ့သို့၊ (တထာ-တူ၊) တာသံ-တို့၏၊ ဝေလာ-သည်၊ န ဝိဇ္ဇတိ”ဟုလည်း ပေးနိုင်၏။ (ဇာ၊ဋ္ဌ၊၁၊၃၁၉၊ ၃၂၀)

အညတရကုလပုတ္တဝတ္ထုပါဠိဂါထာ

၄၆၉။ မလိတ္ထိယာ ဒုစ္စရိတံ, မစ္ဆေရံ ဒဒတော မလံ၊
မလာ ဝေ ပါပကာ ဓမ္မာ, အသ္မိံ လောကေ ပရမှိ စ။

ဒုစ္စရိတံ၊ လင်ကိုကျော်ကာ, တွေ့ရာယောကျ်ား , မှောက်မှားပျော်ပိုက်, ဒုစရိုက် သည်။ ဣတ္ထိယာ၊ မိန်းမ၏။ မလံ၊ (ဒုက္ခရောက်ရေး) အညစ်အကြေးတည်း။ မစ္ဆေရံ၊ မပေးရက်လို, သဝန်တိုခြင်းသည်။ ဒဒတော၊ ပေးလှူသောသူ၏။ မလံ၊ (လူနတ်နိဗ္ဗာန်, သုံးတန်သုခ, မရဖို့အရေး,) အညစ်အကြေးတည်း။ ပါပကာ၊ မိမိကိန်းရာ သတ္တဝါကို အပါယ်လေးရွာသို့ ရောက်စေတတ်ကုန်သော။ ဓမ္မာ၊ အကုသိုလ်တရားတို့သည်။ အသ္မိံ လောကေ၊ ဤလောက၌လည်းကောင်း။ ပရမှိ လောကေ စ၊ နောက်လောက၌လည်းကောင်း။ ဝေ၊ စင်စစ်။ မလာ၊ အညစ်အကြေးတို့တည်း။ (ပါ-၂၄၂)

၄၇၀။ တတော မလာ မလတရံ, အဝိဇ္ဇာ ပရမံ မလံ၊
ဧတံ မလံ ပဟန္တွာန, နိမ္မလာ ဟောထ ဘိက္ခဝေါ။

တတော မလာ။ ထိုဆိုအပ်ပြီးသော အညစ်အကြေးတို့ထက်။ မလတရံ၊ သာ၍ဆိုးသွမ်း, ညစ်နွမ်းသော အညစ်အကြေးကို။ (ဝေါ၊ သင်တို့အား။ ကထေမိ၊ ဟောတော်မူအံ့။) အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ (သစ္စာလေးတန်, ပုဗ္ဗန္တာပရန္တ, ထိုနှစ်ဝနှင့်, ပဋိစ္စသမုပ္ပါဒ်, ဤရှစ်ရပ်ကို, မပြတ်ပိတ်ကာ, အဝိဇ္ဇာသည်။) ပရမံ၊ လွန်ကဲသော။ မလံ၊ အညစ်အကြေးတည်း။ ဘိက္ခဝေါ၊ ရဟန်းတို့! ဧတံ မလံ၊ ဤအဝိဇ္ဇာတည်းဟူသော အညစ်အကြေးကို။ ပဟန္တွာန၊ ပယ်စွန့်၍။ နိမ္မလာ၊ အညစ်အကြေးမရှိသူတို့သည်။ ဟောထ၊ ဖြစ်ကြလော။ (ပါ-၂၄၃)

အညတရကုလပုတ္တဝတ္ထုဂါထာနိဿယပြီးပြီ။