အညတရတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၆-ဗြာဟ္မဏဝဂ်။ ၂၆-အညတရတ္ထေရဝတ္ထု
၄၀၉။ ယောဓ ဒီဃံဝ ရဿံ ဝါ၊ အဏုံ ထူလံ သုဘာသုဘံ။
လောကေ အဒိန္နံ နာဒိယတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပုဏ္ဏ၏ ချွေးစိုအဝတ် နေလှမ်းထားသည်ကို ပံ့သကူအမှတ်ဖြင့် ကောက်ယူမိသောအခါ အရှင်ပြန်တောင်းသဖြင့် ပြန်ပေးလိုက်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ဣဓ လောကေ၊ ဤလောက၌။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ အဒိန္နံ၊ အရှင်မပေးသော သူတပါးဥစ္စာကို။ ဒီဃံ ဝါ၊ ရှည်သည်ဖြစ်စေ။ ရဿံ ဝါ၊ တိုသည်ဖြစ်စေ။ အဏုံ ဝါ၊ ငယ်သည်ဖြစ်စေ။ ထူလံ ဝါ၊ ကြီးသည်ဖြစ်စေ။ သုဘာသုဘံ ဝါ၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ။ နာဒိယတိ၊ မခိုးယူ။ တံ၊ ထိုမခိုးသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟု။ ဗြူမိ၊ ဟော၏။
စကားပြေ
ဤလောကဝယ် အရှည် အတို အငယ် အကြီး ကောင်း မကောင်းသော ပိုင်ရှင်မပေးသောဥစ္စာကို မခိုးယူသူကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
အညတရရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၆-ဗြာဟ္မဏဝဂ်
၂၆-အညတရတ္ထေရဝတ္ထု ပါဠိဂါထာ
လောကေ အဒိန္နံ နာဒိယတိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ လောကေ၊ ဤလောက၌။ ဒီဃံ ဝါ၊ ရှည် သည်မူလည်းဖြစ်သော။ ရဿံ ဝါ၊ တိုသည်မူလည်းဖြစ်သော။ အဏုံ ဝါ၊ ငယ်သည်မူ လည်းဖြစ်သော။ ထူလံ ဝါ၊ ကြီးသည်မူလည်းဖြစ်သော။ သုဘံ ဝါ၊ ကောင်းသည်မူလည်း ဖြစ်သော။ အသုဘံ ဝါ၊ မကောင်းသည်မူလည်းဖြစ်သော။ အဒိန္နံ၊ သူတစ်ပါးတို့ မပေး အပ်သောဥစ္စာကို။ န အာဒိယတိ၊ မယူ။ တံ အဟံ ဗြာဟ္မဏံ ဗြူမိ။ (ပါ-၄၀၉)
အညတရတ္ထေရဝတ္ထုဂါထာနိဿယ ပြီးပြီ။