ဂဏ္ဌိဘေဒကစောရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၅-ဗာလဝဂ်။ ၄-ဂဏ္ဌိဘေဒကစောရဝတ္ထု
၆၃။ ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ဝုစ္စတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တရားနာသွားစဉ် တရားကို မနာပဲ တယောက်သောသူ၏ အဝတ်အစွန်း၌ ချီထားသော ငွေထုတ်ကို ဖြေသော ဂဏ္ဌိဘေဒကသူခိုးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တရားအတူနာသွားသောသူသည် ဤတရားကို မနာရခင် သောတာပန်ဖြစ်၍ ၎င်း၏ မိတ်ဆွေများကား ဤတရားအဆုံး၌ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ယော ဗာလော၊ အကြင်သူမိုက်သည်။ အတ္တနော၊ မိမိ၏။ ဗာလျံ၊ မိုက်သည့်အပြစ်ကို။ မညတိ၊ သိ၏။ တေန၊ ထိုသိမှုကြောင့်။ တေန၊ ထိုသိမှုကြောင့်။ သော ဗာလော၊ ထိုသူမိုက်သည်။ ပဏ္ဍိတော ဝါပိ၊ ပညာရှိသော်လည်း။ ဟောတိ၊ ဖြစ်နိုင်သေး၏။ ယော စ၊ အကြင်သူသည်ကား။ ဗာလော၊ မိုက်သည်။ သမာနော၊ ဖြစ်ပါလျက်။ ပဏ္ဍိတမာနီ၊ ငါပညာရှိဟု မှတ်ထင်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ မိုက်လျက် ငါပညာရှိဟု မှတ်ထင်သော ထိုသူသည်။ ဝေ၊ စင်စစ်။ ဗာလောတိ၊ လူမိုက်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
စကားပြေ
ပုဂ္ဂိုလ်တဦးသည် မိုက်သော်လည်း မိမိမိုက်သည့်အဖြစ်ကို သိသောကြောင့် လူမိုက်ဟု မခေါ်ထိုက်။ ပညာရှိနှင့် တူသည်ပင် ဖြစ်သေး၏။ ပုဂ္ဂိုလ်တဦးကား မိုက်လျက် ငါပညာရှိဟု ထင်မှတ်သောကြောင့် စင်စစ် လူမိုက်ဟု ခေါ်ဆိုထိုက်ပေသည်။
ပဏ္ဍိတော ဝါပိ တေန သော၊ မိုက်သူသည် ငါမိုက်သည်ဟု သိ၍ ပညာရှိသို့ ချဉ်းကပ်ပြီး ပညာရှိဖြစ်လာရန် ဆုံးမသွန်သင်သော ဩဝါဒကို နာခံလျှင် ပညာရှိသော်လည်းကောင်း၊ အထူးပညာရှိသော်လည်းကောင်း ဖြစ်နိုင်သေးသည်။
ဗာလော စ ပဏ္ဍိတမာနီ သ ဝေ ဗာလော၊ မိုက်လျက် ငါနှင့် တူသော အကြားအမြင်များသူ၊ တရားဟောနိုင်သူ၊ ဝိနည်းဓိုရ်သူ၊ ဓုတင်ဆောင်သူ မရှိဟု ပညာရှိမှတ်ထင်နေသူသည် ပညာရှိသို့ မချဉ်းကပ်ပဲ ပရိယတ်ကိုလည်း မသင်၊ ပဋိပတ်ကိုလည်း အားမထုတ်သောကြောင့် စင်စစ် လူမိုက်ဖြစ်သည်။
ပါဠိသဒ္ဒါခက်ဆစ်
ဗာလျံ = ဗာလဿ ဘာဝေါ ဗာလျံ။ ဗာလ + ဏျ။
ပဏ္ဍိတမာနီ = ပဏ္ဍိတံ အတ္တနံ မညတိ ဣတိ ပဏ္ဍိတမာနီ။ ပဏ္ဍိတ + မန် + ဏီ။
ဂဏ္ဌိဘေဒကစောရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၅-ဗာလဝဂ်
၄-ဂဏ္ဌိဘေဒကစောရဝတ္ထုပါဠိဂါထာ
ဗာလော စ ပဏ္ဍိတမာနီ, သ ဝေ ]ဗာလော’တိ ဝုစ္စတိ။
ယော၊ အကြင်သူသည်။ ဗာလော၊ မိုက်သည်။ (သမာနောဖြစ်လသော်။) ဗာလျံ၊ မိမိမိုက်သည်၏အဖြစ်ကို။ မညတိ၊ သိ၏။ တေန၊ ထိုသို့သိခြင်းကြောင့်။ သော၊ ထိုသူသည်။ ပဏ္ဍိတော ဝါ ပိ၊ ပညာရှိနှင့်တူသူသည်သော်လည်းကောင်း။ (ပဏ္ဍိတတရော ဝါပိ၊ ပညာရှိနီးပါးပုဂ္ဂိုလ်နှင့်တူသူသည်လည်းကောင်း။ ဟောတိ၊ ဖြစ်နိုင်၏။ ယော) စ၊ အကြင်သူသည်ကား။ ဗာလော၊ သည်။ (သမာနော၊ ဖြစ်ပါလျက်။) ပဏ္ဍိတမာနီ၊ မိမိကိုယ်ကို ပညာရှိဟု မှတ် ထင်၏။ [အတ္တာနံ ပဏ္ဍိတံ မညတီတိ ပဏ္ဍိတမာနီ။ ရူ-၃၆၄။] သ (သော)၊ ထိုသူကို။ ဝေ၊ စင်စစ်။ ဗာလောတိ၊ လူမိုက်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ (ပါ-၆၃)
ဂဏ္ဌိဘေဒကစောရဝတ္ထုဂါထာနိဿယပြီးပြီ။
ပဏ္ဍိတောဝါပိ။ ။ သုခုမေသုပိ အတ္ထေသု ပဏ္ဍတိ ဂစ္ဆတိ ဒုက္ခာဒီနံ ပီဠနာဒိကမ္ပိ အာကာရံ ဇာနာတီတိ ပဏ္ဍာ၊ ပဏ္ဍာယ+ဣတော ဂတော ပဝတ္တောတိ ပဏ္ဍိတော(နီတိဓာတု-၅၈)၊ ပကာရေ ဝိသယေ ဍေတိ ပဝတ္တေတီတိ ပဏ္ဍာ၊ [ပ+ဍိ+အ၊] ပဏ္ဍာ+ဣတာ ဂတာ ပဝတ္တာ အသ္မိန္တိ ပဏ္ဍိတော(ဂဠုန်-၃)၊ သဉ္ဇာတာ+ပဏ္ဍာ ဧတဿာတိ ပဏ္ဍိတော၊ သဉ္ဇာတံ တာရကာဒိတွိတော(မောဂ်-၄, ၄၅)သုတ်ဖြင့် သဉ္ဇာတအနက်၌ ဣတ ပစ္စည်းသက်(နိဒီ-၃၃၅)၊ ပဏ္ဍတိ ဉာဏဂတိယာ ဂစ္ဆတီတိ ပဏ္ဍိတော (နီတိဓာတု-၅၈)။ ဝါသဒ္ဒါသည် ဥပမာနအနက်ကို ဟော၏၊ ထိုကြောင့် “ပဏ္ဍိတသဒိသော”ဟု ဖွင့်သည်။ [“ပဏ္ဍိတော ဝါပိ တေန သော”တိအာဒီသု ဥပမာနေ ဒိဿတိ၊ သဒိသဘာဝေတိ အတ္ထော၊-သီ၊ဋီ၊သစ်၊၁၊၂၂၀။]
ဓမ္မဋီ။ ။ ထို၌ ဝါနရော၌ ဝါကဲ့သို့ သဒိသအနက်ဟောဟု ဆို၏၊ ထိုသို့ဖြစ်လျှင် ဝါနရောကို သမာသ်ပုဒ်ယူ၍ “နရော ဣဝ ဝါနရော(ဓာန်-ဋီ-၆၁၄)”ဟုပြုသကဲ့သို့ ပဏ္ဍိတောဝါကိုလည်း သမာသ်ပုဒ်ယူ၍ “ပဏ္ဍိတော+ဣဝ ပဏ္ဍိတောဝါ”ဟု ပြုရမည်။ [ပဏ္ဍိတော ဝါပီတိ ဧတ္ထ ဝါကာရော ဝါနရောတျာဒီသု ဝိယ သဒိသတ္ထော၊-ဓမ္မ-ဋီ-၁၂၄။]
ပိသဒ္ဒါ။ ။ ပဏ္ဍိတောဝါပိ၌ ပိဖြင့် ပဏ္ဍိတတရောကို ဆည်းသည်၊ “ပဏ္ဍိတဿ+တနုတ္တံ ပဏ္ဍိတတရော”ဟုပြု၊ “ဝစ္ဆာဒီဟိ တနုတ္တေ တရော (မောဂ်-၄, ၅၆) သုတ်ဖြင့် တနုတ္တအနက်၌ တရပစ္စည်းသက်။