စုန္ဒသူကရိကဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၀ - စုန္ဒသူကရိကဝတ္ထု
၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ၅၅-နှစ်တို့ပတ်လုံး ဝက်သတ်သမား ပြုလုပ်နေသော စုန္ဒကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်ဖြစ်ကြသည်။
အနက်
ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသူသည်။ ဣဓ၊ ဤဘဝ၌။ သောစတိ၊ စိုးရိမ်ရ၏။ ပေစ္စ၊ နောင်တမလွန်ဘဝ၌။ သောစတိ၊ စိုးရိမ်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထို မကောင်းမှုကို ပြုလေ့ရှိသူသည်။ အတ္တနော၊ မိမိ၏။ ကမ္မကိလိဋ္ဌံ၊ ညစ်နွမ်းသော ကံ (အမှု) ကို။ ဒိသွာ၊ မြင်၍။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ ဝိဟညတိ၊ ပင်ပန်းရှ၏။
စကားပြေ
မကောင်းမှု ဒုစရိုက်ကို ပြုသူသည် ဤဘဝ နောင်ဘဝတို့တွင် တခုခု သောဘဝ၌ သော်လည်းကောင်း၊ နှစ်ဘဝလုံးတို့၌ သော်လည်းကောင်း မိမိ၏ ညစ်နွမ်းသော အမှုကို မြင်၍ စိုးရိမ်ရ၏၊ ညစ်နွမ်းသော ကံအကျိုးကို ခံစားရ၍ ပင်ပန်း၏။
ဣဓ သောစတိ— ငါသည် ကောင်းမှုကို မပြုမီ မကောင်းမှုကို ပြုမိခဲ့ပြီ ဟု သေခါနီးအခါ၌ စိုးရိမ်မှုသည် အကြောင်းကံနှင့် စပ်၍ စိုးရိမ်မှုဖြစ်သည်။
ပေစ္စ သောစတိ— မိမိပြုခဲ့သော မကောင်းမှုကံ၏ အကျိုးကို ခံစားရသော် တမလွန်ဘဝ၌ စိုးရိမ်မှုဖြစ်သည်။
စုန္ဒသူကရိကဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁-ယမကဝဂ်
၁၀-စုန္ဒသူကရိကဝတ္ထုအဋ္ဌကထာဂါထာ
သမန္တာ ယောဇနသတံ, ဖရိတွာ တိဋ္ဌတိ သဗ္ဗဒါ။
တဿ၊ ထိုအဝီစိငရဲ၏။ ဘူမိ၊ မြေပြင်သည်။ အယောမယာ၊ သံဖြင့်ပြီး၏။ တေဇသာ၊ မီးတောက်မီးလျှံနှင့်။ ယုတာ၊ ယှဉ်သည်။ (ဟုတွာ၊ ၍။) ဇလိတာ၊ တောက်ပလျက်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သမန္တာ၊ ပတ်ဝန်းကျင်၌။ ယောဇနသတံ၊ ယူဇနာတစ်ရာတိုင် အောင်။ ဖရိတွာ၊ ပြန့်၍။ တိဋ္ဌတိ၊ တည်ရှိ၏။ (ဋ္ဌ-၅၄)
စုန္ဒသူကရိကဝတ္ထုပါဠိဂါထာ
သော သောစတိ သော ဝိဟညတိ, ဒိသွာ ကမ္မကိလိ ဋ္ဌမတ္တနော။
ပါပကာရီ၊ မကောင်းမှုကိုပြုသူသည်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။ သောစတိ၊ ဝမ်းနည်းရ၏။ ပေစ္စ၊ တမလွန်ဘဝ၌။ သောစတိ၊ ၏။ ဥယတ္ထ၊ ပစ္စုပ္ပန်တမလွန်, ၂တန်သောဘဝ၌။ သောစတိ၊ ၏။ အတ္တနော၊ မိမိ၏။ ကမ္မကိလိဋ္ဌံ၊ ညစ်ပေသော အကုသိုလ်ကံကို။ ဒိသွာ၊ မြင်ရ၍။ ဝါ၊ မြင်ရခြင်းကြောင့်။ သော၊ ထိုမကောင်းမှုကို ပြုသူသည်။ သောစတိ၊ ၏။ သော၊ သည်။ ဝိဟညတိ၊ ပင်ပန်းရ၏။ (ပါ-၁၅)
စုန္ဒသူကရိကဝတ္ထုဂါထာနိဿယပြီးပြီ။