မာတိကာသို့ ခုန်သွားရန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၀ - ဒဏ္ဍဝဂ်

၁ - ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

၁၂၉။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သတ္တရသဝဂ္ဂီရဟန်းတို့နှင့် ကျောင်းနေရာလု၍ ရိုက်နှက်ကြသော ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်၏အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ၊ ထိတ်လန့်ကုန်၏။ သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ မစ္စုနော၊ သေခြင်းမှ။ ဘာယန္တိ၊ ကြောက်ကုန်၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံ ကတွာ၊ ဥပမာပြု၍။ အညေ၊ လူ့ပါးသော သတ္တဝါတို့ကို။ န ဟနေယျ၊ မသတ်ဖြတ်ရာ။ န ဃာတယေ၊ မညှဉ်းဆဲရာ။

စကားပြေ

သတ္တဝါမှန်သမျှ ဒဏ်နှင့် သေခြင်းမှ ထိတ်လန့်ကြောက်ရွံ့ကြကုန်၏။ မိမိကိုယ်ကို ဥပမာထားပြီးလျှင် တပါးသော သတ္တဝါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။

သဗ္ဗေ၊ ဤဒေသနာတော်၌ “သဗ္ဗ” သဒ္ဒါသည် အနက်အားဖြင့် အကြွင်းရှိသော သာဝသေသသဗ္ဗ ဖြစ်သည်။
သဗ္ဗေ၊ ဆင်အာဇာနည်၊ မြင်းအာဇာနည်၊ နွားလားဥဿဘအာဇာနည်၊ ရဟန္တာ၊ ဤလေးမျိုးကို ထား၍ ကြွင်းသော သတ္တဝါတို့ကို ရသည်။ ရဟန္တာပုဂ္ဂိုလ်သည် သက္ကာယဒိဋ္ဌိ ပယ်ပြီးသည်၏ အဖြစ်ကြောင့် (မသေသော သတ္တဝါကို) မမြင်သောကြောင့် ဒဏ်မှ မကြောက်လန့်။ ဆင်အာဇာနည်၊ မြင်းအာဇာနည်၊ နွားလားဥဿဘအာဇာနည်တို့သည် သက္ကာယဒိဋ္ဌိ အားကြီးသည်၏ အဖြစ်ကြောင့် ဆန့်ကျင်ဘက် သတ္တဝါကို မမြင်ရကား မကြောက်လန့်ကုန်။

ပဟာရဒါနသိက္ခာပုဒ်

ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှေးဦးစွာ ကျောင်းကို ရှင်းလင်းကြသော တကျိပ်ခုနစ်ယောက် အစုရှိသော သတ္တရသဝဂ္ဂီရဟန်းတို့ကို နောက်ကျမှ ရောက်လာသော ခြောက်ယောက် အစုရှိသော ဆဗ္ဗဂ္ဂိယရဟန်းတို့က ရိုက်နှက်၍ ကျောင်းမှ ထွက်စေခြင်းကြောင့် ပဟာရဒါနသိက္ခာပုဒ် (ရိုက်နှက်ခြင်းကို ပြုခြင်းကြောင့် ဖြစ်ပေါ်သော သိက္ခာပုဒ်) ကို ဘုရားရှင်သည် ပညတ်တော်မူရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၀။)

ဆဗ္ဗဂ္ဂိယဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၀-ဒဏ္ဍဝဂ်

၁-ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထုပါဠိဂါထာ

၂၉၂။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ, သဗ္ဗေ ဘာယန္တိ မစ္စုနော၊
အတ္တာနံ ဥပမံ ကတွာ, န ဟနေယျ န ဃာတယေ။

သဗ္ဗေ၊ (ဆင်မြင်းစသည်, အာဇာနည်နှင့်, ဂုဏ်ရည်လျှမ်း ဖြာ, ရဟန္တာချန်) , သတ္တဝါမှန်သမျှတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ၊ ထိတ်လန့်ကုန်၏။ [မောဂ်နိ-၁-၂၂၃၌ “ဒဏ္ဍဿ၊ ဒဏ်၏ (ဝိ သယဖြစ်သောဘေးကို)။ တသန္တိ၊ ကုန်၏”ဟု ပေးသည်။] သဗ္ဗေ၊ တို့ သည်။ မစ္စုနော၊ သေခြင်းမှ။ ဘာယန္တိ၊ ကြောက်ကုန်၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံ၊ နှိုင်းယှဉ်စရာ, ဥပမာကို။ ကတွာ၊ ပြု၍။ (တစ် နည်း) အတ္တာနံ ဥပမံ ကတွာ၊ ကိုယ်ချင်းစာ၍။ န ဟနေယျ၊ မညှဉ်းဆဲမသတ်ဖြတ်ရာ။ န ဃာတယေ၊ မညှင်းဆဲ မသတ်ဖြတ် စေရာ။ (ပါ-၁၂၉)

ခွဲပေးပုံ။ ။ “မပေါင်းရောဘဲ, ခွဲ၍တစ်ခါ, သမ္ဗန်ပါမူ, ကြိယာနောင်, ဧဝဆောင်မြဲ(ဘုရားကြီး-၁၁၄)”နှင့်အညီ ပဋိသေဓ၂ပုဒ်ကို ခွဲပေးလျှင် ပကတိကြိယာနောင် ဧဝသဒ္ဒါထည့်၍ “နပ္ပသဟေယျ-မလွှမ်းမိုးနိုင် သည်ကား၊ န-မဟုတ်၊ (ပသဟေယျ ဧဝ-လွှမ်းမိုးနိုင်သည်သာ၊)”ဟု ပေးရ သည်။ [“အန္တလိက္ခေ-၌၊ (ဌိတော-သည်၊ သမာနောပိ-သော်လည်း၊ မစ္စုနာသေခြင်းမှ၊ န မုစ္စေယျ-ရာ၊)”စသည်ဖြင့်လည်း ပေးကြသေး၏။]

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။