မာတိကာသို့ ခုန်သွားရန်

သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
3933ဓမ္မပဒဂါထာနိဿယ — ၁။ သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၂-နိရယဝဂ်
၁-သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု
၃၀၆။ အဘူတဝါဒီ နိရယံ ဥပေတိ၊ ယောဝါပိ ကတွာ န ကရောမိ စာဟ။
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊ နိဟီနကမ္မာ မနုဇာ ပရတ္ထ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဘ်ပူဇော်သက္ကာရ နည်းလာသော တိတ္ထိတို့၏ တိုက်တွန်းမှုကြောင့် ဘုရားရှင်အား ကွဲလွဲရလောက်အောင် မကောင်းသတင်းပြုလုပ်ပြောဆိုပြီး အရက်သမားများ၏ အသတ်ကို ခံရသော သုန္ဒရီပရိဗိုဇ်မကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အဘူတဝါဒီ၊ မဟုတ်မမှန် စွပ်စွဲပြောဆိုသောသူသည်။ နိရယံ၊ ငရဲသို့။ ဥပေတိ၊ ရောက်ရ၏။ ယော ဝါ၊ အကြင်သူသည်လည်း။ ကတွာ၊ မိမိမကောင်းမှု ပြုလျက်။ န ကရောမိ၊ ငါမပြုဟု။ အာဟ၊ ပြောဆို၏။ သောပိ၊ ထိုသူသည်လည်း။ နိရယံ၊ သို့။ ဥပေတိ၊ ရောက်ရ၏။ တေ ဥဘောပိ မနုဇာ၊ ထိုသူနှစ်ယောက်တို့သည်။ နိဟီနကမ္မာ၊ ယုတ်မာသောအမှု ရှိကုန်သည်ဖြစ်၍။ ပေစ္စ ပရတ္ထ၊ နောင်တမလွန်။ ဘဝ၌၊ ဘဝ၌။ သမာ၊ ငရဲခံစားရခြင်းတူကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

စကားပြေ

သူတပါးကို မဟုတ်မမှန် စွပ်စွဲပြောဆိုသူနှင့် မိမိမကောင်းမှု ပြုလျက် ငါမပြုဟု ပြောဆိုသူ ဤနှစ်ယောက်တို့သည် ယုတ်မာသော အမှုရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ ငရဲခံစားရခြင်း တူကြလေကုန်၏။
ဥဘော— သူတပါးအပြစ်ကို မမြင်ပဲ မဟုတ်မမှန် ပြောဆိုစွပ်စွဲသူနှင့် မကောင်းမှုကို ပြု၍ ငါသည် ဤမကောင်းမှုကို မပြုဟု ပြောသူ ဤသူနှစ်ယောက်သည် ဥဘော အရဖြစ်သည်။
သမာ ဘဝန္တိ— နိရယဂတိချင်း တူသည်ကို ဆိုသည်။

ပါဠိသဒ္ဒါခက်ဆစ်

အဘူတဝါဒီ = အဘူတံ ဝဒတိ သီလေနာတိ အဘူတဝါဒီ။ အဘူတ + ဝဒ် + ဏီ။
နိရယံ = နိဂ္ဂတော အယော (ဣဋ္ဌဖလံ) အသ္မာတိ နိရယော။ နိ + အယ + တ။ နိန္ဒိတော ရယော (ဂမနံ) ဧတ္ထာတိ နိရယော။ နိ + ရယ + ဧတ။
နိဟီနကမ္မာ = နိဟီနံ ကမ္မံ ယဿာတိ နိဟီနကမ္မာ။ နိဟီန + ကမ္မ + ယ။
မနုဇာ = မနုမှီ ဇာတာ မနုဇာ။ မနု + ဇန် + ကွိ။
သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၂-နိရယဝဂ်

၁-သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထုပါဠိဂါထာ

၅၅၃။ အဘူတဝါဒီ နိရယံ ဥပေတိ, ယော ဝါပိ ကတွာ န ကရောမိ’စာဟ၊
ဥဘောပိ တေ ပစ္စ သမာ ဘဝန္တိ, နိဟီနကမ္မာ မနုဇာ ပရတ္ထ။

အဘူတဝါဒီ၊ မဟုတ်မမှန်သောအားဖြင့် စွပ်စွဲပြောဆိုလေ့ရှိသူသည်။ [အဘူတေန ဝဒတိ သီလေနာတိ အဘူတဝါဒီ။ ဓမ္မဋီ။] နိရယံ၊ ငရဲသို့။ ဥပေတိ၊ ကပ်ရောက်ရ ၏။ ယော၊ အကြင်သူသည်။ ကတွာ၊ မကောင်းမှုပြုပြီး၍။ န ကရောမိ၊ မပြု။ ဣတိ၊ ဤသို့။ အာဟ၊ ပြောဆို၏။ [“ကရောမိ+ဣတိ+အာဟ” ဟုဖြတ်။] (သော) ဝါပိ၊ ထိုသူ သည်လည်း။ နိရယံ၊ သို့။ ဥပေတိ၊ ၏။ ဥဘောပိ၊ နှစ်ယောက်လည်းဖြစ်ကုန်သော။ နိဟီနကမ္မာ၊ ယုတ်မာညစ်ကျု, မကောင်းမှုရှိကုန်သော။ တေ မနုဇာ၊ ထိုလူတို့သည်။ ပရတ္ထ၊ တမလွန်ဘဝ၌။ ဝါ၊ သိ့ု။ ပစ္စ၊ ဤဘဝမှ သွားရောက်၍။ ဝါ၊ လသော်။၁ သမာ၊ ဂတိအားဖြင့် တူကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ (ပါ-၃၀၆)

၁။ ပေစ္စ, ပရတ္ထ ။ ။ (က) ပရတ္ထာတိ ဣမဿ ပန ပဒဿ ပုရတော ပစ္စပဒေန သမ္ဗန္ဓော။ (ခ) ပေစ္စ ပရတ္ထ (ပရတ္ထ ပေစ္စ) ဣတော ဂန္တွာ တေ နိဟီနကမ္မာ ပရလောကေ သမာ ဘဝန္တီတိ အတ္ထော(ဓမ္မ၊ဋ္ဌ၊၂၊၂၉၈၊ ဥဒါန၊ဋ္ဌ၊၂၃၆)။

သမ္ဗန္ဓောထားခြင်းအကြောင်း။ ။ (၁) ပါဌသေသထည့်စွက်လိုခြင်း, (၂) အစပ်ဝေးခြင်း, (၃) ဝိသေသန ဝိသေသျစသည်တို့ ရှေ့နောက်ဖြစ်နေ၍ အစဉ်တည့်အောင် ပြောင်းလဲလိုခြင်း ဟူသော အကြောင်းတစ်မျိုးမျိုးကြောင့် အဋ္ဌကထာဋီကာတို့၌ “သမ္ဗန္ဓော”ဟု ထားရိုးရှိ၏၊ ထိုတွင် ပစ္စနှင့် ပရတ္ထကို ရှေ့နောက်လဲ၍ စပ်လိုသောကြောင့် (က)အဖွင့်၌ “သမ္ဗန္ဓော”ကို ထားသည်။ [ပါဌသေသ, ဒူရတစ်ထွေ, ဝိသေဝိသေသ်, ရှေ့ဖြစ်နောက်ပြန်, ဤသုံးတန်ကြောင့်, သမ္ဗန္ဓောကို, သဘောကျမ်း၌ ထားမြဲ၊-ဘုရားကြီး-၁။]

“ပရတ္ထ ပစ္စ”ဟုရှိသင့်။ ။ (က)ဝါကျ၌ သမ္ဗန္ဓောဟု ဖွင့်သဖြင့် (ခ) ဝါကျတွင် “ပစ္စ ပရတ္ထ” နေရာဝယ် ပစ္စကို နောက်ပို့၍ ဣတိ၊ဋ္ဌ၊၁၆၈အတိုင်း “ပရတ္ထ ပစ္စ”ဟု ဓမ္မ.ဋ္ဌ၌ ရှိသင့်၏၊ ဆက်ဥုးအံ့- (ခ)ဝါကျတွင် “ပရလောကေ”သည် ဣတိ၊ဋ္ဌ၊၁၆၈၌ မပါ၊ ဓမ္မဋ္ဌ၌သာ ပါ၏၊ ထို ကြောင့် ပရလောကေကို ဘဝန္တိ၏ အာဓာရအဖြစ် အပိုထည့်သည်ဟု ယူသင့်၏၊ ပရတ္ထ၏ အဖွင့်ဟု မယူသင့်၊ သို့မှသာ သမ္ဗန္ဓောပါသော (က)ဝါကျနှင့် ညီ၏။

တစ်နည်း။ ။ “ပေစ္စ သမာ ဘဝန္တိ”၏ အဖွင့်ဖြစ်သော “ပရလောကံ ဂန္တွာ”ကို ကြည့်၍ ပရတ္ထ၌ ကံအနက်တစ်နည်းပေးသည်၊ ပရတ္ထကို ဝိသေသန, ပေစ္စကို ဝိသေသျယူ၍ “ပရတ္ထ- နောက်ဖြစ်သော၊ ပေစ္စ-တမလွန်ဘဝ၌”ဟုလည်း ပေးကြ၏။

သုတ္တနိ၊ဋ္ဌ၊၂၊၁၉၇။ ။ ထို၌ “ပေစ္စ သမာ ဘဝန္တီတိ ဣတော ပဋိဂန္တွာ နိရယူပပတ္တိယာ သမာ ဘဝန္တိ။ ပရတ္ထာတိ ပရလောကေ”ဟု ဖွင့်၏၊ ထိုအလို ပရတ္ထကို သမာ ဘဝန္တိတို့၏ အာဓာရ ဟု ယူ၍ “ပေစ္စ-ဤဘဝမှ ဖဲသွား၍၊ ဝါ-လသော်၊ ပရတ္ထ-တမလွန်ဘဝ၌၊ သမာ-ငရဲ၌ ဖြစ်ရခြင်း အားဖြင့် တူကုန်သည်၊ ဘဝန္တိ-ကုန်၏”ဟုပေး။

မုသား၂မျိုး။ ။ အဘူတဝါဒီဖြင့် အဘူတဗ္ဘက္ခာန(မဟုတ်မတရားစွပ်စွဲကာ မုသားပြော ခြင်း)ကို ပြ၏၊ ကတွာ န ကရောမိစာဟဖြင့် ဘူတဒေါသပဋိစ္ဆာဒန(ထင်ရှားရှိသော အပြစ်ကို ဖုံးကာ မုသားပြောခြင်း)ကို ပြ၏၊ ထိုမုသား၂မျိုးလုံး ငရဲသို့ ရောက်စေနိုင်၏(ဣတိ၊ဋ္ဌ၊၁၆၈)။

သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထုဂါထာနိဿယပြီးပြီ။